🌺EP (88)🌺အတုအယောင်တည်းခိုဆောင်

1.1K 150 0
                                    

Although the trip was rough

(88)
[အတုအယောင်တည်းခိုဆောင်]

ကိစ္စပြီးပြတ်ပြီးနောက် သူတို့လေးယောက် နတ်သမီးညွှန်ပြရာ တောင်တန်းဆီသို့ ဆက်ထွက်လာခဲ့သည်။

ရွှယ်နမ် -"ကျွန်တော်တို့ အရင်ဆုံး ခဏပုန်းနေနိုင်မယ့် နေရာတစ်ခု ရှာကြရင်မကောင်းဘူးလား?"

"အားနမ် နားချင်လို့လား?"

"အဲ့လိုမဟုတ်ပါဘူး...အခုရောက်လာတာက ကောင်းကင်အဆင့် လူနှစ်ယောက်... နောက်တစ်ခေါက်ဆို ဒီထက်ပိုပြီးများလာမှာ ကျွန်တော်တို့ ဝိညာဥ်အထောက်အပံ့ ပစ္စည်းတစ်ခုခုရှာပြီး အရင်ဆုံး ကျင့်ကြံနေကြတာ ကောင်းမယ်ထင်တယ်..."

ယင်းဝူ -"အဲ့လိုဆိုရင်တော့ ငါတို့ ဝိညာဥ်ကြောတစ်ခုကို တွေ့အောင်ရှာရမှာပဲ"

ရွှယ်နမ် -"ရှာမယ်လေ"

"လွယ်တယ်ထင်လား?"

"မထင်ပါဘူး... ဒါပေမဲ့ မကြိုးစားကြည့်ရသေးဘဲနဲ့ လက်မလျှော့နိုင်ဘူး ကျွန်တော် ဒီထက်ပိုပြီးအားကြီးချင်တယ် ရှို့ကောတစ်ယောက်တည်း တိုက်ခိုက်နေရတာကို ခွင့်မပြုနိုင်ဘူး"

ရှင်းလန်ရှို့ နှလုံးသားလေး လှုပ်ခတ်သွားသည်။ အလိုအလျောက် ရွှယ်နမ်ရဲ့ လက်ချောင်းတွေကို မြတ်နိုးစွာ ဆုပ်ကိုင်ထားလိုက်သည်။ ရွှယ်နမ်က သူ့အတွက် အမြဲတမ်း တွေးပေးနေတာပဲ။

ရွှယ်နမ်လည်း ရှင်းလန်ရှို့ကိုကြည့်ပြီး ပြုံးလိုက်သည်။ သူတို့တွေ တောင်တန်းဆီကိုရောက်ဖို့ လိုသေးသည်။ ကြားမှာ တောအုပ်တွေအများကြီးကိုလည်း ကျော်ဖြတ်ရဦးမည်။

တောနက်တစ်နေရာတွင် ခြံဝန်းတစ်ခုရှိကာ ခြံဝန်းထဲတွင် တွဲလျက်စပ်ထားသော အိပ်ဆောင်အခန်းတွေ မြောက်များစွာရှိသည်။ ဝိညာဥ်ကုန်းမြေမှာ ဒီလိုနေရာလည်း ရှိနေ၏။ အိပ်ဆောင်တွေကို ပိုင်ဆိုင်သူက ဝိညာဥ်တစ်ခုသာ။

ထိုဝိညာဥ်သည် အဖိုးကြီးတစ်ယောက် ဖြစ်ပြီး အိပ်ဆောင်တွေမှာ တည်းချင်ရင် သူ့ကိုဝိညာဥ်ကျောက်တုံး ပေးရမယ်လို့ ပြောနေသည်။

ရွှယ်နမ် -"ဝိညာဥ်ကျောက်တုံးက ဘာကြီးလဲ?"

ခြံဝန်းတံခါးဝမှာ ရပ်နေတဲ့ ဝိညာဥ်အဖိုးအိုက ရွှယ်နမ်ကို စိုက်ကြည့်လိုက်သည်။

Although the trip was rough (Completed)Donde viven las historias. Descúbrelo ahora