🌺EP (21)🌺အလကားမကုပေးနိုင်ဘူး

1.4K 187 0
                                    

Although the trip was rough

🌺(21)🌺
[အလကားမကုပေးနိုင်ဘူး]

ရှင်းလန်ရှို့သည် သူ့ရဲ့မှုန်ဝါးဝါးအမြင်ကို မသုံးဘဲ နားနဲ့နှာခေါင်းကိုသာ အများဆုံး အသုံးချလေသည်။ နားကပတ်ဝန်းကျင်နဲ့ သူ့ဘေးက ရွှယ်နမ်လေး လမ်းလျှောက်သံကို နားစွင့်ထားသည်။

သူတို့တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသောအခါ ရှင်းလန်ရှို့လည်း တစ်ဖက်လူရဲ့ ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန်၊ တွေးတောချိန်နဲ့ တက်ကြွတဲ့အချိန်တွေမှာ ခြေသံတွေက ဘယ်လိုလဲဆိုတာတောင် အလွတ်ရနေပါပြီ။

ရွှယ်နမ် အခုလျှောက်နေတာ ပုံမှန်ခြေလှမ်းပဲ။ ပျော်တာလည်း မဟုတ်။ ဝမ်းနည်းနေတာလည်း မဟုတ်ပေ။ သူတို့ စားသောက်ဆိုင် အသေးစားလေးဆီ ရောက်လာသောအခါ ရွှယ်နမ်ရဲ့ သဘောကောင်းမှုကြောင့် ကျိနှောင်သည် မနက်စာကောင်းကောင်း စားရတော့သည်။

မနက်ခင်းက အရမ်းစောနေသေးတာကြောင့် လူသွားလူလာ ကျဲနေသည်။ ရွှယ်နမ်သည် ပေါက်စီတစ်လုံးကို လက်တစ်ဖက်က ကိုင်လျက် အရှေ့ကိုကိုင်းကာ ဆိုလာ၏။

"ကျိကော.... တကယ်လို့လေ အစ်ကိုတို့ ထွက်ပြေးခွင့်ရမယ်ဆိုရင် ဘယ်ကိုထွက်ပြေးကြမှာလဲဟင်?"

"တောင်ပိုင်းနယ်မြေ"

"တောင်ပိုင်းနယ်မြေ....ဘာဖြစ်လို့လဲ "

ကျိနှောင်က ပြုံးလိုက်သည်။

"မူယန့်ကပြောတယ်.... ငါသာထွက်ပြေးချင်ရင် သူကငါ့ကို တောင်ပိုင်းနယ်မြေဆီ ခေါ်သွားမယ်တဲ့ တောင်ပိုင်းနယ်မြေက ဒီနဲ့မိုင်ပေါင်းထောင်ချီ ဝေးတယ် အဲဒီနေရာမှာ လိင်တူကျင့်ကြံခြင်း စုံတွဲတွေရှိတယ်လေ.... ဒီနေရာနဲ့ မတူဘူး အဲဒီမှာက အားလုံးကို လက်ခံထားတယ်"

"တကယ်လား...."

ရွှယ်နမ် ပေါက်စီကို တည်တည်ငြိမ်ငြိမ်နဲ့ ဝါးစားနေတဲ့ ရှင်းလန်ရှို့ကို လှည့်ကြည့်လိုက်သည်။

"ရှို့ကော အဲဒီနန်းတော်က တောင်ပိုင်းနယ်မြေထဲမှာလား"

"အင်း"

ဒါဆို ရှင်းလန်ရှို့ နေလာတဲ့နေရာက သူတို့လို ဆန့်ကျင့်ဖက်လိင်ကို မနှစ်သက်သူတွေ မရှိတဲ့နေရာပေါ့။ အဲဒါဆို ရှင်းလန်ရှို့ကလည်း သူသဘောကျနေတာကို သတိထားမိပြီး ရွံလည်းမရွံဘူးပေါ့။

Although the trip was rough (Completed)Where stories live. Discover now