Although the trip was rough
(87)
[လန်ရှို့ကို ဘာဆေးတွေကျွေးလိုက်တာလဲ]"ရှို့ကော..."
ရွှယ်နမ် ရှင်းလန်ရှို့ဆီ ပြေးသွားလိုက်သည်။ ရှင်းလန်ရှို့ လက်အသင့်လှမ်း၍ ရွှယ််နမ်ခေါင်းကို ပွတ်သပ်ရင်း ချီးကျူးပေးလိုက်သည်။
"တော်တယ် နမ်နမ်..."
ကျီးယွမ်က အပြုံးနဲ့သာ။ ယင်းဝူကတော့ လက်ပိုက်လျက် မျက်ဖြူလှန်ပြလေ၏။ သူက ပြောသေးသည်။
"ပျင်းစရာကြီး!!"
ရွှယ်နမ် ထိုအရက်သမား မိစ္ဆာအရှင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ခင်ဗျားဒါတွေ နားမလည်ပါဘူး"
"ဟွန့်"
ယင်းဝူကလည်း မျက်နှာလွှဲ၍ တခြားဖက်ကိုသာ ကြည့်နေလိုက်တော့သည်။ သူတို့ကိုရှိတယ်လို့တောင် မထင်တဲ့ပုံစံမျိုး လုပ်ပြနေတော့ မော့ထန်းဂိုဏ်းချုပ်မှာ ပိုပြီး ဒေါသထွက်လာပေသည်။
သူက မြေပေါ်ခြေတစ်ချက် နင်းချလိုက်သည်။ မြေကြီးများ ပက်ကြားအက်သွားပြီး အလင်းတစ်ခုက ရှင်းလန်ရှို့တို့ဆီ ပြေးလာသည်။ ရှင်းလန်ရှို့ ခပ်စူးစူး အကြည့်တစ်ချက်ဖြင့် ဝေ့ကြည့်လိုက်ကာ မြေပေါ်ချထားတဲ့ ရွှေကြိုးကို ဝေ့ယမ်းလိုက်သည်။
'ဝှစ်....'
ရွှေကြိုးက မြောက်တက်သွားကာ မော့ထန်းဂိုဏ်းချုပ်ရဲ့ အလင်းတန်းကို တစ်ချက်တည်းနဲ့ ဖျက်စီးပစ်သည်။ မော့ထန်းဂိုဏ်းချုပ် ပြေးဝင်သွားတော့ ကျန်တဲ့ ကောင်းကင်အဆင့် လူနှစ်ယောက်မှာလည်း မနေသာတော့ဘဲ တိုက်ပွဲကို ဝင်ပါရတော့သည်။
တစ်ယောက်ကဓား၊ တစ်ယောက်က လှံကိုထုတ်သည်။
ကျီးယွမ် -"ဒါ....."
ကျီးယွမ် ခြေတစ်လှမ်းတိုးလိုက်စဥ် ယင်းဝူက သူမလက်ကိုဆွဲထားသည်။
"ကောင်းကင်အဆင့်နဲ့ နတ်ဘုရားအဆင့်ရဲ့ ကွာဟချက်ကို မင်းမသိဘူးလား?"
"ကျွန်မ သိပါတယ်"
"ဒါဆို ဘေးကပဲစောင့်ကြည့်နေလိုက်...ရှင်းလန်ရှို့ ကိုင်တွယ်နိုင်တယ်"
YOU ARE READING
Although the trip was rough (Completed)