Although the trip was rough
(41)🌺
[ရွှယ်အိမ်တော်]ဖြောင့်ဖြူးသော လမ်းမပေါ်တွင် ခဏအတွင်း လူအစုအရုံးကြီးတစ်ခု ဖြစ်သွားသည်။ အဝါရောင်ဝတ် ဂိုဏ်းသားများသည် သူတို့ရဲ့ဓားတွေကို မာန်ပါစွာထုတ်လျက် ရှင်းလန်ရှို့တို့နဲ့ သူတို့ဖမ်းလာသော လူတွေကို ဝန်းရံထားသည်။
ရွှယ်နမ်သည် စိတ်ကောင်းရှိသော လူငယ်လေးဖြစ်ပြီး သူတို့ကို ဝင်ကူညီလိုက်တာကို သိသောအခါ အသက်၆နှစ်အရွယ် ကလေးလေးသည် ရွှယ်နမ်ရဲ့ လက်သန်းကလေးကို လှမ်းဆွဲလာသည်။
ရွှယ်နန် ကြည့်လိုက်သောအခါ ကလေးသည် ကြောက်လည်းကြောက် ရွှယ်နမ်အား 'သူတို့ကိုကယ်ပါ'လို့လည်း ပြောနေသလိုပင်။
"ဘာတွေဖြစ်နေတာလဲ?"
ဓားအိမ်အနီကို ကိုင်ထားသော လူငယ်တစ်ယောက် သစ်ပင်တွေကြားမှ ပျံသန်းလာရင်း အဝါရောင်ဝတ် ဂိုဏ်သားတွေရှေ့မှာ ရပ်လိုက်သည်။ လူငယ်သည် အသက်၂၀ ကျော်လေးသာ ရှိဦးမည်။
သူ့ကိုတွေ့တော့ လက်အောက်ဂိုဏ်းသားတွေက တစ်ပြိုင်တည်း အရိုအသေပေးလိုက်တာကို တွေ့ရလေသည်။
"သခင်လေး....."
သခင်လေးဆိုသည့် လူငယ်က ခေါင်းညိတ်လိုက်သည်။ သူက သူတို့ကိစ္စကို ဝင်ရှုပ်သော ခရီးသွားဖြစ်ဟန်ရှိသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်သည် သူ့ထက်အသက်ငယ်ပြီး အားနည်းပုံလည်းပေါ်၏။
နောက်တစ်ယောက်ကတော့ သူ့ထက်အဆင့်မြင့်ပုံပေါ်သည်။
"ကျွန်တော်တို့က မော့ထန်းအိမ်တော်ကပါ.... မိတ်ဆွေတို့က ဘယ်သူများလဲ ဘာကြောင့် ကျွန်တော်တို့ရဲ့လမ်းကို ဝင်နှောက်ယှက်ရတာလဲ?"
ရှင်းလန်ရှို့ - "လန်ရှို့ပါ.... စောစောက သခင်လေးရဲ့လူက ဒီသက်ကြီးရွယ်အို အဖိုးနဲ့ ကလေးကို ကြာပွတ်နဲ့ ရိုက်နေတာတွေ့လို့ ကျွန်တော်တို့က မကြည့်ရက်လို့ ဝင်ပါရတာပါ"
ထိုအခါ မော့ထန်းအိမ်တော် သခင်လေးက ရယ်လေသည်။
"လန်သခင်လေးက စိတ်ထားမြင့်မြတ်တာပဲ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ မော့ထန်းအိမ်တော်က အစေခံတွေပါ.... လန်သခင်လေးတို့နဲ့ မဆိုင်ပါဘူး အဲဒီတော့ ကိုယ့်ခရီးကို ဆက်သွားကြပါ"
ESTÁS LEYENDO
Although the trip was rough (Completed)