Although the trip was rough
🌺(32)🌺
[အချစ်စွမ်းအား]ရှင်းလန်ရှို့သည် အော့ရွှမ်ရဲ့ ထင်မြင်ချက်ကြောင့် အံ့ဩသွားသည်။ သူက မင်စန်းနဲ့ ကျွိကုန်းကို လှမ်းကြည့်လိုက်ချိန် သူ့အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးသွားတာကို သိလိုက်ရသည်။
ရှင်းလန်ရှို့ - "အော့ရွှမ်.... မင်းဘယ်လိုလုပ်ပြီး သိတာလဲ?"
"အသိသာကြီးလေ... တိုက်ခိုက်နေတုန်း သူတို့ တစ်ယောက်ကိုတစ်ယောက် မသိမသာ ကာကွယ်ပေးနေကြတာ"
အော့ရွှမ်သည် အချစ်ရေးတွင် အတွေ့အကြုံရှိသူပီပီ တခြားလူတွေရဲ့ အကြည့်ကိုလည်း ဖတ်တတ်သေး၏။
အော့ရွှမ် - "မင်လိအိမ်တော်က တပည့်အချင်းချင်း ချစ်ကြိုက်တာကို ခွင့်မပြုထားဘူး.... မင်းတို့လို ဝမ်းကွဲမောင်နှမတွေဆိုရင် တားမြစ်ချက်က တော်တော်ကြီးတယ်"
မင်စန်းနှုတ်ခမ်းတွေ တုန်ယင်လာသည်။ သူက ရှင်းလန်ရှို့ကို မုန်းတီးစွာဖြင့် စူးစိုက်ကြည့်လိုက်၏။ ရှင်းလန်ရှို့ပြောသလို သူတို့က တကယ်ပဲ ဝမ်းကွဲတွေဖြစ်နေသည်။ ကျွိကုန်းက သူ့ရဲ့ဝမ်းကွဲမောင်လေး။
ဒါပေမဲ့ သူတို့နှစ်ယောက် စည်းကျော်ကာ တိတ်တဆိတ် ချစ်ကြိုက်ခဲ့သည်။ ထိုအကြောင်းကို လူကြီးတွေသာသိသွားရင် သူတို့နှစ်ယောက်လုံးကို သတ်လိမ့်မည်။ ရှင်းလန်ရှို့။ အခုရှင်းလန်ရှို့ကြောင့် တခြားလူတွေ သိကုန်ပြီ။
ရှင်းလန်ရှို့ကို အသက်ရှင်ခွင့် ပေးထားလို့ လုံးဝမဖြစ်တော့ဘူး။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ သေရမည်။
မင်စန်းသည် အင်မတန် မြန်ဆန်စွာ ရှင်းလန်ရှို့အနားကို ပြေးသွားသည်။ ရှင်းလန်ရှို့ လေသံကိုကြားကြားချင်း လက်စည်းတံဆိပ်တစ်ခု အမြန်ပြုလုပ်လိုက်သည်။ ရွှေရောင်စက်ကွင်းတစ်ခု မင်စန်းထံ ပြေးဝင်သွား၏။
'ဝုန်း.....'
ရွှေရောင်စက်ကွင်းကြောင့် မင်စန်း အနောက်ပြန်လွင့်သွားသည်။ အနောက်မှာ အော့ရွှမ်က အသင့်စောင့်နေသည်။ မင်စန်း အော့ရွှမ်ရဲ့ ဓားချက်ကိုလည်း လျင်မြန်စွာ ရှောင်လိုက်ကာ ကျွိကုန်းကိုခေါ်၍ ထွက်ပြေးသွား၏။
ESTÁS LEYENDO
Although the trip was rough (Completed)