Although the trip was rough
(61)
[နူးညံ့ညင်သာသောအနမ်းများ]ရွှယ်နမ်သည် အမည်မသိ ကျင့်ကြံသူဆရာတစ်ယောက်ကို ကုသပေးပြီးနောက် ဆရာကြီးမိထားသော အဆိပ်က ထကြွစေသူက သူ့ကိုတစ်ညတုန်းက လာတွေ့သော လူတစ်ယောက်ဖြစ်နိုင်ကြောင်း သိခဲ့ရသည်။
အဲဒီလူက ဘယ်သူလဲဆိုတာတော့ ထိုဆရာကလည်း မသိဘူးလို့ဆို၏။ အကြောင်းမှာ တစ်ဖက်လူရဲ့ မျက်နှာကို သေချာမမြင်လိုက်ရဘဲ ထိုလူက သူနဲ့ဒီအတိုင်း မိတ်ဖွဲ့ရင်း ကျားကစားခဲ့ကြတယ်တဲ့။
ထိုဂိုဏ်းချုပ်ကပဲ လိမ်နေတာလား မိတ်လာဖွဲ့သွားသူကပဲ တော်နေတာလားတော့မသိပေ။ ရွှယ်နမ် ပိုင်သွမ့်ထင်ကို ပြောထားတဲ့အတိုင်း အိမ်ကိုမြန်မြန် ပြန်လာခဲ့သည်။
သူပြန်ရောက်တော့ တခြားခြံဝန်းထဲမှာ ပိုင်သွမ့်ထင်က မော့ယွီပင်းကို စစ်ဆေးမေးမြန်းခြင်း လုပ်နေတာကြောင့် ရွှယ်နမ်လည်း အလကားမနေဘဲ ကျင့်ကြံနေဖို့ အခန်းထဲဝင်သွားလိုက်၏။
ပိုင်သွမ့်ထင် - "ဘာလို့ကိုယ့်ကို အသိမပေးတာလဲ... တကယ်လို့ မော့ထန်းအိမ်တော်ကနေ ဆင်းလာသူက ကောင်းကင်အဆင့် တစ်ယောက်တည်း မဟုတ်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲ?"
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ရအောင်တိုက်ရမှာပဲ... မဟုတ်ရင်လည်း ထွက်ပြေးရုံပေါ့"
"ရှောင်ပင်း!"
မော့ယွီပင်း ဝတ်ရုံအဖြူကြီးကို ခေါက်ပြီး သိမ်းဖို့လုပ်နေရာမှ ရပ်တန့်သွားသည်။ သူလှည့်ကြည့်တော့ ပိုင်သွမ့်ထင်က သူ့ကိုအေးစက်စွာနဲ့ စိုက်ကြည့်နေ၏။ မော့ယွီပင်းလည်း ဒေါသထွက်သွားကာ။
"ကျွန်တော်ဘာလုပ်လုပ် ခင်ဗျားကို တိုင်ပင်နေစရာမှ မလိုတာ...."
"ဘာကြောင့်မလိုတာလဲ?"
"ကျွန်တော်တို့က....ကျွန်တော်တို့... ဘာပဲဖြစ်ဖြစ် သူတို့က ရွှယ်နမ်ကို တမင်ဒုက္ခပေးချင်လို့ ရောက်လာတာ ကျွန်တော်ထွက်ပြီး မကူညီရင် ရွှယ်နမ် ပြဿနာတက်သွားလိမ့်မယ်..."
"မင်းသူ့ကို ပြဿနာမတက်စေချင်လို့ သွားတာ သေချာလား!"
မော့ယွီပင်း သူ့လက်ထဲက ဝတ်ရုံကိုစားပွဲပေါ် ပစ်ချလိုက်သည်။
YOU ARE READING
Although the trip was rough (Completed)