Although the trip was rough
(12)🌺
[သတို့သားနဲ့သတို့သမီး]သူတို့သုံးယောက် ကြီးမားသော ခြံဝန်းကြီးတစ်ခုနားကို ရောက်လာခဲ့သည်။ အော့ရွှမ် ကြည့်မိလိုက်တဲ့အခိုက် အံ့သြသွား၍ သူ့ဘေးက နှစ်ယောက်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
မကောင်းတဲ့ အငွေ့အသက်တွေကို အာရုံခံနိုင်တဲ့နေရာမှာ ရှင်းလန်ရှို့က သူ့ထက်တောင်ပိုကောင်းနေသလိုပဲ။ သူတို့ရှေ့က ခြံဝန်းမှာ အနီရောင် အငွေ့အသက်တွေနဲ့ ပြည့်လျှံနေပြီး အငြိုးအတေးတစ်ခုကြောင့် ကောင်းမွန်လှသော စွမ်းအားကိုလည်း ခံစားရသည်။
ညဦးယံမှာ မုန့်ပျန်းမြို့ရှိ မြောက်များစွာသော အိမ်တွေထဲတွင် ဤခြံဝန်းကြီးတစ်ခုသာလျှင် အနီရောင် အငွေ့တွေနဲ့ ဖုံးလွှမ်းနေသည်။ အိမ်ထဲမှာ အစောင့်ရှိကြပေမယ့် လူသားတွေ နေထိုင်တယ်ဆိုတဲ့ အငွေ့အသက်တော့ ရှိလေသည်။
ရွှယ်နမ်မှာလည်း မျက်လုံးလေးပြူးလျက်။
"ရှို့ကော....ဒါ ဟိုပထမဆုံးသေသွားတဲ့ မိန်းကလေးရဲ့ အိမ်မဟုတ်လား?"
"သူက လူသတ်သမားပဲလေ"
"....?"
ထိုအချိန်တွင် ခြံဝန်းထဲကနေ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် ထွက်လာသည်။ သူမသည် သတို့သမီးဝတ်စုံနဲ့ သတို့သမီးအဆောင်အယောင်တွေကို ပန်ဆင်ထားပြီး အိမ်ထဲကနေ တရွေ့ရွေ့နဲ့ ထွက်လာ၏။
"သူထွက်လာပြီ"
အော့ရွှမ်ရဲ့အသံက ရှင်းလန်ရှို့တို့ နှစ်ယောက်စလုံးကို သတိချပ်သွားစေသည်။
ရွှယ်နမ် - "သူနောက်ထပ် လူတစ်ယောက်ကို ထပ်သတ်တော့မှာလား မသိဘူး"
ရှင်းလန်ရှို့ - "သူ့ကိုတားရမယ်..."
ထိုအချိန်တွင် သတို့သမီးသည် ဖိနပ်မပါတဲ့ ခြေဗလာနဲ့ပဲ အိမ်တော်တံခါးကို သရဲတစ်ကောင်လို ဖောက်ထွက်ကာ ထွက်သွား၏။ ရှင်းလန်ရှို့တို့လည်း ထိုသတို့သမီးကို စတင်၍ နောက်ယောင်ခံ လိုက်ကြသည်။
အော့ရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်တာကြောင့် သူ့အငွေ့အသက်နဲ့တင် တစ်ဖက်က သတို့သမီးဟာ သူတို့လိုက်လာတယ်ဆိုတာကို သတိမထားမိချေ။
CZYTASZ
Although the trip was rough (Completed)