Although the trip was rough
(53)
[ချစ်ဖို့ကောင်းတဲ့ မြွေဖြူလေးပဲဖြစ်မှာ]ပေ့လင် သတိရလာပြီး ဖေဖေမေမေလို့ ခေါ်လိုက်တာကြောင့် လင်မယားနှစ်ယောက်မှာ အပျော်လုံးစို့ကာ သူတို့ကလေးနားကို ပြေးကပ်သွားကြသည်။ ကလေးလေးက အရိုးပေါ်အရေတင် အပြုံးတစ်ပွင့် ပေးလေ၏။
တစ်နာရီလောက် စွမ်းအင်ထုတ်လိုက်ရတာကြောင့် ရွှယ်နမ်လည်း ပင်ပန်းသွားသည်။ ဒါ့အပြင် ကလေးကို အလွမ်းသယ်နေကြတဲ့ လင်မယားကိုလည်း မနှောက်ယှက်ချင်ပေ။ ထို့ကြောင့် သူသည် အိမ်တော်ထိန်းနဲ့အတူ အပြင်ကို ထွက်လာ၏။
မထင်မှတ်ဘဲ အပြင်ဘက်ရှိ ကျောက်စားပွဲတစ်လုံးဘေးတွင် ရှင်းလန်ရှို့က ထိုင်နေတာကို တွေ့လိုက်ရသည်။
"ရှို့ကော...."
ရွှယ်နမ် ကလေးတစ်ယောက်လို ရှင်းလန်ရှို့ကို ပြေးဖက်ပစ်သည်။ ရှင်းလန်ရှို့ကို ကျင့်ကြံရာမှာသာ အာရုံစိုက်ခိုင်းချင်ပေမယ့် အခုလိုလိုက်လာတော့လည်း ရွှယ်နမ် အလွန်ပျော်နေသည်။
"ရှို့ကော လိုက်လာတာလား?"
"အွန်း"
သူ့ရင်ခွင်ကိုမှီထားတဲ့ ခေါင်းသေးသေးလေးကို ရှင်းလန်ရှို့ ပွတ်သပ်ရင်း အသံပေးလိုက်သည်။
"ကျွန်တော့်ကို စိတ်ပူလို့လား?"
"ကိုယ်စိတ်မချလို့"
"ဟီး....."
ရွှယ်နမ် ပျော်ပျော်ကြီး ရယ်ပြီးမှ သူတို့ဘေးမှာ တခြားလူတွေလည်း ရှိနေသေးတာကို သတိရသွားကာ ရှင်းလန်ရှို့ရင်ခွင်ထဲက အသာလေး ခုန်ထွက်လိုက်လေသည်။
သူတို့နှစ်ယောက် လူချင်းခွာသွားသောအခါ အိမ်တော်ထိန်းကျိုးက ရွှေရောင်ကဒ်ကလေးတစ်ခု ပေးလာ၏။ ရွှယ်နမ် ယူကြည့်လိုက်တော့ ကဒ်ပေါ်တွင် ရွှေသစ်ရွက် တစ်သန်းလို့ ရေးထားတာကို ထိတ်လန့်စွာ တွေ့မြင်လိုက်ရသည်။
"ရွှေသစ်ရွက် တစ်သန်း...."
အိမ်တော်ထိန်းကျိုးက ပြုံး၍။
"ဟုတ်ပါတယ်... ဒါက သခင်ကြီး ကုသသူအတွက် ပြင်ဆင်ပေးထားတာပါ။ ဒါကစရံငွေပါ တကယ်လို့သာ သခင်လေးအားလင် အသက်အန္တရာယ် ကင်းသွားပြီဆိုရင် သခင်ကြီးက ထပ်ပေးပါလိမ့်မယ်"
YOU ARE READING
Although the trip was rough (Completed)