Although the trip was rough
🌺(13)🌺
[စိတ်ဓာတ်ကျနေသူ]သူတို့က အေးစက်နေတဲ့ ဘဝတစ်ခုကနေ လွတ်မြောက်ဖို့အတွက် ငြင်းဆန်နေတာကို ရှင်းလန်ရှို့လည်း အတင်းအကျပ် ဖိအားမပေးချင်ပေ။ ဒါကြောင့် သူက ဖန်ဘူးလေးကို ပြန်သိမ်းလိုက်သည်။
"ကောင်းပါပြီ"
သတို့သားက ပြုံးလေသည်။
"ကျွန်တော်တို့ကို ဝင်ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ် သူမလူသတ်ခဲ့တာတွေအတွက် ကျွန်တော်တို့ ကောင်းကင်ရဲ့ အပြစ်ဒဏ်ကို အတူတူ ရင်ဆိုင်ကြမှာပါ.... ဒါပေမဲ့ နောက်ဘဝမှာ ထပ်တွေ့မလားဆိုတာ မသေချာလို့ ကျွန်တော် မစွန့်စားရဲဘူး"
ရှင်းလန်ရှို့ ခေါင်းညိတ်လိုက်သည်။
"မင်းတို့ ဝိညာဥ်လောကကို သွားကြမှာလား?"
ဝိညာဥ်လောကဆိုတဲ့ အသံကြားတော့ ဝိညာဥ်နှစ်ခုက ရှင်းလန်ရှို့ကို တစ်ပြိုင်တည်း ကြည့်လာကြသည်။ ရွှယ်နမ်နဲ့ အော့ရွှမ်လည်း စိတ်ဝင်စားသွားကြ၏။
အော့ရွှမ်ဆို လက်ခုပ်တီးပြီး ထတောင်ခုန်လိုက်သေးသည်။
"အဲဒါကောင်းတယ်....ဒီလောကမှာက မင်းတို့ကို အလွယ်တကူ ပြန်ရှာလို့ရတဲ့ နည်းလမ်းတွေ အများကြီးပဲ တကယ်လို့သာ ဝိညာဥ်တွေနေထိုင်တဲ့ လောကကို သွားမယ်ဆိုရင် နှင်းဝံပုလွေအိမ်တော်ကလည်း မင်းတို့ကို ရှာလို့တွေ့မှာမဟုတ်ဘူး"
မြေခွေးဝိညာဥ်သည် သူ့ရင်ခွင်ထဲက မိန်းမလှလေးအား ငုံ့ကြည့်လိုက်၏။
"ကျွန်တော် အသက်ရှင်နေတဲ့အချိန်ရော သေသွားတဲ့ အချိန်မှာရော ကျွန်တော်အဖြစ်ချင်ဆုံးက သူမလေး လုံခြုံဖို့ပဲ... နှင်းဝံပုလွေအိမ်တော်က လူကျန်းဆိုတဲ့လူက ကျွန်တော်ရဲ့ အမြုတေကို လိုချင်တာ... သူက ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ကျွန်တော်တို့ကို သတ်ခဲ့တယ် အဲဒီနောက် သူမက အငြိုးအတေးလျှံ ဝိညာဥ်ဖြစ်လာတာပါ...."
မြေခွေးဝိညာဥ်က အော့ရွှမ်ကို ကြည့်လိုက်သည်။
"အခုအချိန်မှာ ကျွန်တော်တို့နှစ်ယောက်လုံးက အားနည်းနေတော့ ဝိညာဥ်လောကထဲ မဝင်နိုင်သေးဘူး"
YOU ARE READING
Although the trip was rough (Completed)