🌺EP (27)🌺ဆုတောင်းစာလေးကိုအမှတ်မထင်ထိမိ

1.3K 196 1
                                    

Although the trip was rough

🌺(27)🌺
[ဆုတောင်းစာလေးကိုအမှတ်မထင်ထိမိ]

မြို့ကိုရောက်တဲ့ အချိန်က ညနေစောင်းဖြစ်လို့ ရှင်းလန်ရှို့တို့ တစ်ခါတည်း ညစာစားလိုက်ကြသည်။ ရထားလုံးကို တစ်နေရာတွင် အပ်ခဲ့ကာ ရှင်းလန်ရှို့ ဝိညာဥ်အထောက်အပံ့ပစ္စည်းများ ဝယ်ရန်ထွက်လာခဲ့သည်။

"ရှို့ကော.... ဒီမြို့မှာက လူပိုများတယ်နော်"

"အင်း"

"ကျင့်ကြံသူတွေလည်း အများကြီးပဲ... ရှို့ကော မျက်လုံးမြင်ရရင် သိပ်ကောင်းမှာပဲသိလား? ဒီမှာ အနီရောင် မီးပုံးတွေ အများကြီးပဲ လမ်းနှစ်ဖက်က အိမ်တွေကို သွယ်တန်းထားတာ....အရမ်းလှတယ်"

မီးပုံးတွေနဲ့ အရမ်းလှတဲ့မြို့ကို ရွှယ်နမ် မရောက်ဖူးတာကြောင့် အရမ်းတက်ကြွနေသည်။ လူတွေကလည်း အရောင်စုံဖြင့် များပြားလှ၏။ ယိရှောင်မြို့ထက်တောင် လှသေးသည်။ ကျီးဖြူမြို့ထက်လည်း အများကြီးသာသည်။

"ရှို့ကော....ဟိုဘက်မှာ ဘာတွေရောင်းနေတာလဲ မသိဘူး သွားကြည့်ရအောင်"

"အင်း"

ရွှယ်နမ် ရှင်းလန်ရှို့ကို လူတွေကြားထဲကနေ ဆွဲခေါ်သွားသည်။ ရှင်းလန်ရှို့ တစ်ညတာ စွမ်းအင်စုပ်ယူပြီးနောက် သူ့ရဲ့အာရုံ၆ပါးက တော်တော်လေး တိုးတက်လာသည်။

ရွှယ်နမ် လှုပ်ရှားနေတဲ့ အရိပ်တွေကို သူဝါးတားတားမြင်နေရသည်။ ပတ်ဝန်းကျင်က လူတွေကလည်း ဝါးတားတားသာ။ သဲသဲကွဲကွဲ လုံးဝမမြင်ရသေး။

ကောင်လေးက လမ်းဘေးဆိုင်ကလေးဆီ ခေါ်လာသည်။

"ဆိုင်ရှင်....ဒါက ဘာတွေလဲ?"

ဆိုင်ရှင်ကလည်း လူငယ်တစ်ဦးပင်။ သူက တက်ကြွနေသော ရွှယ်နမ်ကိုမြင်သောအခါ သူ့ပစ္စည်းတွေ ရောင်းရဖို့အတွက် အားတက်သွားကာ။

"မိတ်ဆွေ....မိတ်ဆွေက ဒီမြို့ကမဟုတ်လို့ မသိတာဖြစ်မယ် ဒီနေ့က ပန်းနတ်ဘုရား ပူဇော်ပွဲနေ့လေ ...ဒါက ကံကောင်းစေတဲ့ အဆောင်တွေ... ဒီသစ်သားပြားလေးတွေပေါ်မှာ ကိုယ်ချစ်တဲ့သူရဲ့ နာမည်ကိုရေးပြီး ဟိုးက ပန်းပင်ကြီးနားမှာ ချိတ်ဆွဲလိုက်ရင် ပန်းနတ်ဘုရားက မင်းတို့ကို ပေါင်းဖက်ရဖို့ ကောင်းချီးပေးလိမ့်မယ်"

Although the trip was rough (Completed)Dove le storie prendono vita. Scoprilo ora