Although the trip was rough
(74)
[အလှလေးဟွားဖန်]ရှင်းလန်ရှို့နဲ့ ရွှယ်နမ်တို့ တောင်ပိုင်းကို ခရီးဆက်ကြဖို့ ရည်ရွယ်ထားတာကို ရွှယ်ပိုင်ဟယ့်နဲ့ ဇနီးသည်တို့က မကန့်ကွက်ကြပေ။ ရွှယ်နမ်ပြောထားလို့ သူတို့လည်း ရှင်းလန်ရှို့အကြောင်းကို အားလုံးသိထားပြီးပြီ။
ဒါကြောင့် လမ်းခရီးမှာ စားဖို့အတွက် ရွှယ်သခင်မက သရေစာတွေကို ကိုယ်တိုင်လုပ်ပေးလိုက်လေသည်။ ရွှယ်နမ် ထွက်မသွားခင် သူမက သားဖြစ်သူကို အကြာကြီး ပွေ့ဖက်ထားခဲ့သေး၏။
ရွှယ်နမ် ကြီးပြင်းလာတာကို သူမမျက်လုံးနဲ့ မမြင်ခဲ့ရတာကို အလွန်နောင်တရမိသည်။ ရွှယ်နမ်ကို သူမရင်ခွင်ထဲထည့်ထားချင်၏။ ဝမ်းနည်းချိန် ဝမ်းသာချိန် အချိန်တိုင်းမှာ သူမကသားအနားမှာ ရှိနေပေးချင်ခဲ့သည်။
"မေမေ.....သားအမြဲစာပို့မယ်နော်"
ဓားပျံကြီးပေါ်ကနေ ရွှယ်နမ်သည် ကလေးလေးလို လက်ဝေ့ယမ်းပြရင်း အော်ပြောလေ၏။ ပိုင်ရှစ် အပြုံးနဲ့ လက်ပြန်ပြလိုက်သော်ငြား သူမအပြုံးတွေက ငိုနေတယ်ဆိုတာ ရွှယ်ပိုင်ဟယ့်သာ သိလေသည်။
ရွှယ်ပိုင်ဟယ့် သူမရဲ့ပုခုံးကိုဖက်လျက် နှစ်သိမ့်ပေးလိုက်သည်။
"သား အဆင်ပြေမှာပါ"
"အားနမ်လေးဘဝက အရမ်းခက်ခဲခဲ့မှာ...ရွှယ်အိမ်ရဲ့ သခင်လေးက ယိရှောင်မြို့က လမ်းဘေးမှာ ပေါက်စီရောင်းခဲ့တယ်တဲ့"
သူမ ပါးပြင်ထက်ကို မျက်ရည်တစ်စက် စီးကျလာခဲ့သည်။ ရွှယ်ပိုင်ဟယ့် ထိုမျက်ရည်များကို သုတ်၍ သူမအား နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။
"သားက စိတ်ဓာတ်မာတယ်...အဲဒါမင်းနဲ့တူလို့လေ သူကဘယ်လိုဘဝမျိုးကိုမဆို ကောင်းကောင်း ဖြတ်သန်းနိုင်မှာပါ။ ကိုယ်တို့ မော့ထန်းအိမ်တော်ကိစ္စကို အပြီးသတ် ဆက်လုပ်ရမယ်"
"အင်း"
.......
ကောင်းကင်မှာ ဓားပျံနဲ့ ခရီးသွားရတာက သူတို့နှစ်ယောက်အတွက် မခက်ခဲပေ။ သို့သော်လည်း ဓားပျံက ရထားလုံးနဲ့မတူဘဲ အလွန်တည်ငြိမ်နေရာ ရွှယ်နမ် တဖြည်းဖြည်း အိပ်ငိုက်လာသည်။
YOU ARE READING
Although the trip was rough (Completed)