Although the trip was rough
(75)
[အပေးအယူတစ်ခု]"ဒီမှာကောင်လေး....ဟွားဖန်က ငါ့အချစ်ကလေးပဲ မင်းစောစောစီးစီး လက်လျှော့ထားရင် ကောင်းလိမ့်မယ် မဟုတ်ရင်တော့ ငါကမင်းကို လုံးဝသက်ညှာမှာ မဟုတ်ဘူး"
ထိုလူက ရှင်းလန်ရှို့ကို ရန်စတဲ့လေသံနဲ့ ပြောတော့ ရွှယ်နမ်မကျေနပ်ပေ။ သူက ရှင်းလန်ရှို့အပေါ်မှာသာ ကလေးလို ပြုမူချင်သော်လည်း တခြားလူတွေအပေါ်ဆို သားရဲတစ်ကောင်လိုသာ ပြုမူချင်သည်။
ရွှယ်နမ်က ရှင်းလန်ရှို့ရှေ့တွင် ဝင်ကာရပ်လိုက်ပြီး သူ့ထက်အရပ်နည်းနည်းရှည်တဲ့ တစ်ဖက်က သူဌေးသားလိုလို ဂိုဏ်းတစ်ဂိုဏ်းက တပည့်လိုလို လူကိုမော့ကြည့်လိုက်သည်။
"သူက ငါ့ဟာ...."
ရွှယ်နမ်လည်း ဝိညာဥ်စွမ်းအင်ဖြင့် ကြေညာလိုက်ကာ ခြေတစ်ချက်ကိုလည်း မြေကြီးပေါ် စောင့်ပစ်သည်။
'ဝုန်း.....'
လေထုတစ်ခု ဖြတ်သန်းသွားရာ လူတိုင်းရဲ့ အဝတ်တွေလှုပ်ခတ်သွားသည်။ တစ်ဖက်က လူတောင်မှ ခြေနှစ်လှမ်း ဆုတ်သွား၏။
"ဒီမှာ အစ်ကိုကြီး....ခင်ဗျားရဲ့ အလှလေးဆိုတဲ့လူကိုသာ ကောင်းကောင်းထိန်းထားစမ်းပါ....ငါ့ရဲ့လူနား မရောက်လာစေနဲ့"
"ဟင့် မင်းလူကိုလည်း မင်းနိုင်အောင်ထိန်းထားပေါ့.... အလှလေးဖန်ဖန်ကြောင့် မင်းချစ်သူမင်းအပေါ် မဖောက်ပြန်စေနဲ့"
"!!!"
ရွှယ်နမ် လန့်သွားတာကြောင့် နှုတ်ပိတ်သွားသည်။ ဖောက်ပြန်တယ်ဆိုတဲ့ စကားလုံးကို သူတစ်ခါမှ မကြားဖူးဘူး။ လူတွေက ချစ်သူတစ်ယောက်ရရင် အဲဒီလူကိုပဲ လက်ထပ်ယူကြတာ မဟုတ်ဘူးလား။
ဖောက်ပြန်တယ်ဆိုတာက နောက်တစ်ယောက်ကို ပြောင်းကြိုက်တာမျိုးကို ပြောတာလား။ ရှင်းလန်ရှို့က သေချာပေါက် သူ့ကိုဖောက်ပြန်မှာ မဟုတ်ဘူး။
'ဝုန်း.....'
ရွှယ်နမ် ခဏလေးအတွေးလွန်နေစဥ် တစ်ဖက်လူကို ရှင်းလန်ရှို့က ရိုက်ထုတ်ပစ်လိုက်လေသည်။ တစ်ဖက်ကလည်း လွင့်သွားပြီး မြေပြင်တွင် ခြေချောင်းများထောက်၍ ထိန်းထားလိုက်သည်။
ESTÁS LEYENDO
Although the trip was rough (Completed)