🌺EP (35)🌺အနီရောင်ကျောက်

1.3K 192 1
                                    

#Although the trip was rough

🌺(35)🌺
[အနီရောင်ကျောက်]

ကျီးယွမ်က အပြာရောင် သိဒ္ဓိကျောက်ကိုကိုင်၍ သူမအနီးက တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။

"ဒါကို...."

ရှင်းလန်ရှို့ - "မင်းယူထားလိုက်ပါ"

"ဒါပေမဲ့ ရှင်မကူညီရင် ကျွန်မဒါကိုရဖို့ ကြာနေဦးမှာ"

"မင်းလည်းကြိုးစားခဲ့ပါတယ်"

"ဒါပေမဲ့...."

"အိုက်ယား....မမယွမ်"

ရွှယ်နမ်ပြေး၍ ကျီးယွမ်လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

"မြွေတစ်သောင်းချိုင့်ဝှမ်းက အကျယ်ကြီးပါ... ကျွန်တော်တို့ နောက်ထပ်ပစ္စည်းတွေ အများကြီး ရှာတွေ့နိုင်သေးတယ်....ဒီလိုကျောက်မျိုးလည်း တွေ့ချင်တွေ့ဦးမှာလေ"

ကျီးယွမ် သက်ပြင်းချလိုက်သည်။

"ကောင်းပါပြီ ဒါဆိုလည်း လောလောဆယ် ကျွန်မသိမ်းထားလိုက်ပါမယ်"

ကျီးယွမ်သည် သိုလှောင်အိတ်ထဲသို့ အပြာရောင် သိဒ္ဓိကျောက်ကို ထည့်သိမ်းလိုက်သည်။ ထို့နောက် သူတို့ရှေ့ဆက်လာခဲ့ကြ၏။ လေထုက ခဏတာတိတ်ဆိတ်သွားသည်။ မြွေတစ်သောင်းချိုင့်ဝှမ်းက အင်မတန် ကျယ်လို့ ကျင့်ကြံသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ခဲ၏။

များသောအားဖြင့် ဝိညာဥ်အထောက်အပံ့ပစ္စည်း ရှိတဲ့နေရာတွေမှာသာ ဆုံကြသည်။ သူတို့ကမ်းပါးယံနဲ့ တော်တော်ဝေးဝေးကို ရောက်လာ၏။ ဝိညာဥ်စွမ်းအင် အငွေ့အသက်ကို မခံစားမိတာကြောင့် သူတို့ဆက်ထွက်လာခဲ့သည်။

"ရှင်းလန်ရှို့..."

ကျီးယွမ် ခေါ်လိုက်သည်။ ရှင်းလန်ရှို့က သွားနေရာမှ ကျီးယွမ်ဘက်ကို ခေါင်းစောင်းလျက်။

"ပြောပါ...."

"ရှင်စောစောက ဘယ်လိုလုပ်လိုက်တာလဲ?"

"ဘာကိုလဲ?"

ကျီးယွမ်မှာ ဆက်မေးသင့်သလား မသိတော့။ သို့သော် သူမတွင် သိချင်စိတ်တွေက များနေသည်။

"ရှင်နဲ့ကျွန်မမှာ ကျွန်မက စစ်သူကြီးအဆင့် ရှင်က ထိပ်တန်းအဆင့်...သိဒ္ဓိကျောက်ကို ကျွန်မဆွဲနုတ်နေတာ မရဘူး...ဒါပေမဲ့ ရှင်ရဲ့စွမ်းအားတစ်ချက်က သိဒ္ဓိကျောက်ကို ကျွတ်ထွက်သွားစေတယ်.... ပြီးတော့ ရွှေရောင်စွမ်းအား။ ကျွန်မအဲဒါကို အရမ်းသိချင်နေမိတာ.... ရှင်က နတ်မျိုးနွယ်ဝင်လား?"

Although the trip was rough (Completed)Hikayelerin yaşadığı yer. Şimdi keşfedin