Although the trip was rough
(92)
[မိစ္ဆာအငွေ့များနဲ့ လှေကားထစ်တောင်တန်း]ဝိညာဥ်ကုန်းမြေဟု ခေါ်သော ကမ္ဘာငယ်လေးထဲက တောနက်တစ်နေရာတွင်တော့ စွမ်းအင်ပေါက်ကွဲသံတွေ ထွက်ပေါ်လာတာ တစ်နာရီနီးပါး ရှိနေပြီ။
လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမထူရင်း ပြေးနေကြသလို တစ်ခါတလေ အနောက်ကလိုက်လာတဲ့ သားရဲကြီးကိုလည်း ပြန်တိုက်ခိုက်ကြရသေးသည်။ ပြေးနေသူများမှာ တဖြည်းဖြည်း အင်မတန် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးနားကို ရောက်လာခဲ့၏။
"အား......"
ရှင်းဝမ်ချွမ်အော်၍ ရပ်လိုက်သည်။ ရှင်းထောင်က သူမကို လှမ်းဖမ်းထားသည်။
"သတိထား!!"
ချောက်ကမ်းပါးနားမှ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်စဥ် လမ်းတစ်လျှောက်လုံး လိုက်တိုက်ခိုက်နေတဲ့ သားရဲကြီးက သူတို့ရှေ့မှာ ထွက်ပေါ်လာတော့သည်။ အင်မတန် ကြီးသော အဖြူရောင် မြွေကြီးတစ်ကောင်ပင်။
ရှင်းထောင် မြွေကြီးဖက်ကိုလှည့်၍ သွေးစွန်းနေတဲ့ဓားကို အသင့်ကိုင်ထား၏။ သူက ရှင်းဝမ်ချွမ်ကိုလည်း လက်တစ်ဖက်က ဆွဲထားသေးသည်။ အဖြူရောင် မြွေကြီးက သူစိုက်ကြည့်နေတုန်းမှာပဲ ဆံပင်အဖြူတွေနဲ့ လူတစ်ယောက်အသွင် ပြောင်းလဲသွား၏။
မြွေကြီးရဲ့ခေါင်းပေါ်မှာ တစ်ချိန်လုံး မတ်တတ်ရပ်နေခဲ့သူကလည်း ဖြည်းဖြည်းချင်း ဆင်းလာသည်။
"မင်းသူတို့ကို သတ်မလို့လား?"
မော့ယွီပင်း သူ့ဘေးကလူကိုကြည့်၍ မေးလိုက်သည်။ ပိုင်သွမ့်ထင်သည် လက်တစ်ဖက်ကို နောက်ပစ်ထားကာ လက်တစ်ဖက်တွင်တော့ ငွေရောင်သံချပ်တွေနဲ့ ယပ်တောင်တစ်ချောင်းကို ဖြည်းဖြည်းချင်း ယမ်းနေ၏။
မော့ယွီပင်း -"ဘာပဲဖြစ်ဖြစ် ရွှယ်နမ်က မသေဘူးလေ....သူတို့ကို အသေသတ်စရာမလိုပါဘူး"
"မင်းလေးက အရမ်းကြင်နာတတ်တာပဲ"
ရှင်းထောင်တို့နှစ်ယောက်သည် ထွက်ပြေးလာရင်း လမ်းတစ်ဝက်မှာပဲ နောက်ထပ် မြွေကြီးတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရသည်။ မထင်ထားဘဲ တစ်ဖက်က နတ်မျိုးနွယ်လည်းဖြစ် နတ်ဘုရားအဆင့်လည်း ဖြစ်နေတော့ သူတို့တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ဖြစ်သွားခဲ့ရသည်။
BINABASA MO ANG
Although the trip was rough (Completed)