Although the trip was rough
🌺(81)🌺
[မိစ္ဆာအချုပ်ဆောင်တွေလှုပ်ခတ်လာတယ်]ရှင်းလန်ရှို့ ရောက်သွားချိန် ရွှယ်နမ်ကလည်း သစ်ပင်အတွင်းထဲကနေ တံခါးဖွင့်ကာ ထွက်လာသည်။
"ရှို့ကောကော...."
"နမ်နမ်...."
ရှင်းလန်ရှို့ ထိုကောင်လေးကို ပြေးဖက်ဖို့ ပြင်လိုက်သော်လည်း တစ်ဖက်က ဖျက်ကနဲ သူ့ရင်ခွင်ထဲကို ရောက်လာလေသည်။ သူ့ခါးကို တင်းနေအောင် ဖက်ထားပုံက သူဘယ်သွားသွား လိုက်တော့မယ့် တောက်တဲ့တစ်ကောင်လိုပဲ။
ရှင်းလန်ရှို့လည်း ကောင်လေးရဲ့ ပါးတစ်ဖက်အား နမ်းပေးလိုက်ကာ။
"တကယ်ထွက်လာတယ်ပေါ့?"
"ကျွန်တော်ရှို့ကောကို တကယ် မခွဲနိုင်ပါဘူးဆို...."
ရွှယ်နမ်အတွက် တစ်ပတ်ကြာအောင် ကျင့်ကြံရင်း ရှင်းလန်ရှို့နဲ့ ဝေးနေရတာက သူ့နှလုံးသားကို အဆာခံထားရသလိုပဲ ဟာတာတာကြီးကို ဖြစ်နေသည်။ အနမ်းတစ်ပွင့် ရလိုက်မှ နေသာသွားသည်။
"ဟူး.....ကုသစွမ်းအင်က ကျင့်ကြံရတာ အရမ်းကြာတာပဲ တစ်ပတ်တောင် ရှိပြီကို ကျွန်တော် ကြယ်တစ်ပွင့်တက်အောင် မလုပ်နိုင်သေးဘူး"
ရွှယ်နမ် အနည်းငယ် ငြီးငြူလိုက်သည်။ ထိုအခါ ရှင်းလန်ရှို့က သူ့ခေါင်းကိုပွတ်သပ်ပေးလာတာကြောင့် ရွှယ်နမ် မျက်လုံးလှလှလေးတွေနဲ့ မော့ကြည့်လိုက်ကာ။
"ရှို့ကော ကျွန်တော်တို့ ဝမ်ရှည်မြို့ကို တစ်ခေါက်လောက် သွားလည်ကြမလား ညရောက်တော့မှာဆိုတော့ တစ်ခါတည်း ညစာပါ စားကြမယ်လေ..."
"ကောင်းပြီလေ"
ရှင်းလန်ရှို့ ရွှယ်နမ်ရဲ့ ကုသစွမ်းအင်တွေကို နူးညံ့စွာ ထုတ်လွှတ်တတ်တဲ့ လက်ကလေးကို ဆုပ်ကိုင်၍ တောအုပ်ထဲမှ ပျံသန်းလာခဲ့သည်။
"ကိုယ်တို့ တောအစပ်ရောက်ရင်တော့ နည်းနည်း လှုပ်ရှားရမယ်"
"ဘာလို့လဲ"
"ကြယ်တာရာနန်းတော်ကလူတွေ ရောက်နေတယ်"
"များလား?"
"လက်ချောင်းနည်းနည်း လှုပ်စာလောက်လေးပါ"
YOU ARE READING
Although the trip was rough (Completed)