#Although the trip was rough
🌺(24)🌺
[ကျိဖုံးနဲ့တိုက်ခိုက်ခြင်း]ရှင်းလန်ရှို့ ရွှယ်နမ်ကို သူ့အနောက်မှာ ပို့ထားလိုက်သည်။ လက်နှစ်ချောင်းကို လှုပ်ရှား၍ ရွှေရောင် အစီအရင်တစ်ခု ပြုလုပ်လိုက်ကာ ငရဲကြောင်သားရဲကို ဖမ်းတုန်းကအတိုင်း ရွှယ်နမ်အတွက် အကာအကွယ်တစ်ခု ပြုလုပ်ပေး၏။
"ရှို့ကော....သူ့ကိုကြည့်ရတာ စစ်သူကြီးအဆင့်ထင်တယ် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဟင်?"
"ဘာမှမဖြစ်ဘူး... ကိုယ်မင်းကို ထိခိုက်ခွင့်မပေးဘူး?"
".....ဟမ်?"
ရွှယ်နမ် အချိန်အခါမကြည့် ရှက်သွားသည်။ ကြာပွတ်နက်ကို ကိုင်ထားသောလူသည် ကိုယ်ဖော့၍ ကျိနှောင်၏ခြံဝန်းဟောင်းထဲကို ပျံသန်းလာ၏။ ကြာပွတ်နက်သည် လေထဲတွင် မြွေတစ်ကောင်လိုပဲ တွန့်လိမ်နေသည်။
ထိုလူက မြေကြီးပေါ်သို့ ခြေချပြီးသောအခါ ဆီးပန်းပင်အောက်က ကျိနှောင်ကို လှမ်းကြည့်လိုက်လေသည်။
"ကျိနှောင်.... မတွေ့ရတာကြာပြီနော်"
ကျိနှောင် သတိချပ်သွားသည်။
"မင်း....."
ကျိနှောင်ရဲ့ လက်တစ်ဖက်ဟာ ဆီးပန်းပင်ရဲ့ ပင်စည်ကို ကိုင်ထားသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြကာ တစ်ဖက်လူကလည်း သူ့မျက်နှာကို ဖုံးထားတဲ့ ခေါင်းစွပ်ကို မဖယ်ရှားသေးပေ။
"ကျိနှောင်.... မင်းတကယ်ကြီး အသက်ရှင်နေသေးတာပဲ ငါကြားတာတော့ မင်းက ယောကျ်ားတစ်ယောက်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆို..."
ရွှယ်နမ် အံ့ဩသွားသည်။ ဒီလောက်ဆို ကြာပွတ်ကိုင်ထားတဲ့လူက ကျီးဖြူအိမ်ကနေ အသက်ရှင်လျက် လွတ်မြောက်သွားတဲ့လူဆိုတာ ရှင်းနေပြီ။ ပြီးတော့ ကျိနှောင်အကြောင်းကိုလည်း သိနေသည်။
ကျိနှောင် မလှုပ်မယှက်ရပ်နေဆဲ။ ထိုအချိန်တွင် တစ်ဖက်လူက သူ့ခေါင်းစွပ်ကို ဖယ်ရှားလိုက်သည်။
"မင်းငါ့ကို မှတ်မိမယ်လို့တော့ ထင်တယ်...."
ကျိနှောင်မျက်လုံးတွေထဲ အံ့ဩသွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားသော်လည်း ထိုအရာက ဒေါသအဖြစ်သို့ ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။
DU LIEST GERADE
Although the trip was rough (Completed)