👑မောင့်အရှင်
#အပိုင်း (၂)
"ဟုတ်တယ် ညီမရေ ဒါဆရာ့သား..ရေဆိပ်မှာ
သူ့သူငယ်ချင်းတွေ လာတယ်ဆိုလို့ သွားကြိုဖို့
ထွက်သွားတာ..ကျွန်မတို့လည်း အသံကြားလို့ ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်ကြတာကွယ်.."" အားနာလိုက်တာ.."
" ဘာမဖြစ်ပါဘူး.. အန်တီ စိတ်ထဲ မထား
ပါနဲ့.."မောင်မောင် သူတော်ကောင်း၊ လူယဉ်ကျေး
လုပ်နေတဲ့ ဒီကောင်ကို မျက်စိမွေးစူးလျက်။ဒေါ်နန်းစံတစ်ယောက် အာဂ သ္မီးဖြစ်သူ ကြောင့်
မျက်နှာပူ နေရပြန်သည်။ဒီမယ်မင်းမကတော့ အေးဆေး မကြည်ကြည့်
နဲ့ ဆိုင်ကယ်ပေါ် ကမဆင်း..။" အိမ်ထဲဝင်လာခဲ့ကြလေ..ညီမတို့ ဆရာလည်း
အထဲမှာ ရှိတယ် ဖုန်းပြောနေလို့.."
" ဟုတ်ကဲ့.."မယ်က ဆရာကတော်၏ အခေါ်ကြောင့် သူနှင့်အတူ ဝင်ဖို့ မောင်မောင့်ကို လက်တို့လာသည်။
မောင်မောင်ဆိုတာ ဘုရားကျောင်းနဲ့ မနီးစပ်သလို
အသင်းအုပ်ဆရာနဲ့လည်း မရင်းနှီးပါ..။ဆရာကတော့ မောင်မောင့်ကို မြင်ပြီဆို နုတ်ဆက်
စကား စပြောတတ်သည်။ တစ်ခါတလေ ဆုံးမဩဝါဒလည်း ပေးတတ်ပါသေး၏။ မောင်မောင်တို့က
လည်း အတတ်နိုင်ဆုံးအမြဲရှောင်နေစမြဲ.. ။မောင်မောင် ဆိုင်ကယ်ပေါ်က မဆင်းလာသေး၍ မျက်နှာပျက်နေပြီဖြစ်တဲ့ မယ်ကို အားနာပေမဲ့..
ပါး စကားအတိုင်း လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်..။မိဘတစ်ယောက်အနေနဲ့ ပါးပြောတဲ့အတိုင်း
ခံစားကြည့်လိုက်ပါ..မောင်မောင် တမင်လုပ်စရာတောင် မလိုဘူး..ကံကြမ္မာက မောင်မောင်ဆီကို ဆိုက်မြိုက်စွာရောက်လာတာ မတတ်နိုင်ဘူး..။" ကျွန်တော် မဝင်တော့ဘူး မယ်..မှာထားတာလေး
သွားယူမလို့ မယ် ပြီးရင် ဖုန်းဆက်လိုက်လေ..လာခေါ်မယ်.."
" အေးး..ပြီးရော..လျှောက်လည်း သွားမနေနဲ့နော်..
ပြီးရင် ချက်ချင်းလာခဲ့.."
" ......"မယ်စကားကို ခေါင်းတစ်ချက် ငြိတ်ပြီး ဆိုင်ကယ်စက်
ကိုနိုးနေတုန်း..
KAMU SEDANG MEMBACA
👑မောင့် အရှင်
Romansa👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...