👑မောင့်အရှင်
#အပိုင်း (၄၆)
ဘေဘီကို ရှေ့မှာ သေသေချာချာ စနစ်တကျလွယ်ပိုးတော့ ဘေဘီလေးက ဆိုင်ကယ်စီးတော့ မှာကို သိသလိုနဲ့ ကိုယ့်ကို ခေါင်းလေးမော့ပြီး ပြုံးပြနေရှာသည်။
သွားဖြူဖြူ နှစ်ချောင်းကလည်း နီရဲနေတဲ့ နှခမ်းကြားမှာ ထင်းနေသည်မို့ ကိုယ့်သမီးကိုယ် အချစ်တွေပိုရင်း ပါးပြင်နုနုလေးတွေ ချိူင့်ဝင်သွားအောင် နမ်းပစ်ကာ..
" ဆိုင်ကယ် စီးရမှာဆိုတော့ ပျော်နေတယ်ပေါ့)) ကိုယ့် ဘေဘီလေးက..ဟင်းး)) "
ဘေဘီပါးပြင်ကို နောက်ဆုံးကြိမ် အနမ်းတစ်ပွင့်ပေးပြီး ဆိုင်ကယ်ပေါ် ခွတက်တော့ ရုံးမှာ ရှိတဲ့ လူအချိူ့က ပီပီပြင်ပြင်ကြီး စိုက်ကြည့်လာကြ သည်။
ခုနတုန်းက ကွက်ကြည့်နေတာနဲ့ မလုံလောက်လို့ ဖြစ်မည်။
ကလေးမအေ ဆိုင်ကယ်စီးတာ မတွေ့စဖူး အထူးအဆန်းကြီး လုပ်တဲ့ လူတွေကို လျစ်လျူရှု ပြီး ထွက်လာခဲ့လိုက်သည်။
မြို့ရဲ့ မြစ်ကမ်းနားတစ် လျှောက်ကို ဖြေးမှန်မှန်လေးနဲ့ တစ်ခါပတ်လို့ အပြီး ဆိုင်ကယ်စီးတာ ကြိုက်တဲ့ သမီးလေးလည်း ရင်ခွင်မှာ အိပ်မော ကျလို့..။
"........"
လက်လေးညှပ်နေလို့ သေချာထုတ်ပြီး သမီး လေးအိပ်လို့အဆင်ပြေအောင် ပြင်ပေးရင်း ဆိုင်ကယ်ကို ရုံးဘက်ကို ပြန်မောင်းမယ် လုပ်ပေမဲ့ အမြင်အာရုံထဲပေါ်လာသည့် ဟိုးအဝေးတစ်နေရာစီက ချင်းတွင်းတံတားလေး..။
သူ့အတွက် အမှတ်တရများစွာနဲ့မို့ ထိုနေရာလေးကို မြင်တိုင်း ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်တွေ..။ ဆွေးသလိုမျိူး လွမ်းသလိုမျိူးနဲ့ နစ်နေအောင် ခံစားရတဲ့ ခံစားချက်တွေဟာ တစီတန်းကြီး ပေါ်လာပြန်ရော..။
"......."
နားလည်ချင်ပေမဲ့ နားမလည်နိုင်တဲ့ ခံစားချက်တွေ..။ ဝန်ခံချင်ပေမဲ့ ဝန်မခံရဲ့တဲ့ နှလုံးတစ်စုံဟာ
ဆက်ပြီး တွေဝေမနေတော့ဘဲ သမီးလေးကို ပိုးလျက်သားဖြင့် ချင်းတွင်းတံတားဘက်ကို အရှိန် အနည်းငယ် တင်ကာ မောင်းထွက်လာခဲ့သည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...