part - 47

4.3K 111 2
                                    

👑မောင့်အရှင်

#အပိုင်း (၄၇)

" ညီမ နန်းစံ! ကြည့်ပါအုံး ဒီမောင်နှမနှစ်ယောက် မြန်မာပြည်တင် မဟုတ်ဘူး ရွာအထိ လိုက်လာတာ လူကြီး တစ်ယောက်မှကို အသိမပေး ဘာမ ပေးနဲ့..ဟိုမှာ ဆရာလည်း စိတ်ဆိုးပြီး အခန်းထဲ ကတောင် ထွက်မလာတော့ဘူး!

ဆရာက တော်ယုံနဲ့ စိတ်မဆိုးတတ်ဘူး.. ဒီမောင် နှမ နှစ်ယောက် လုပ်ပုံကို ကြည့်အုံး! ဗြုန်းစား ကြီး.. ပြီးတော့ သူ့အစ်ကို ကျန်းမာရေးက ရှင်းရှင်း ကောင်းသေးတာ မဟုတ်ဘူး အဲတာကို ညီမလုပ်သူက အစ်ကိုဖြစ်သူက သတိရလို့ မကြာသေးဘူး ပြန်ချင်တယ်ဆိုလို့တဲ့ ခေါ်ချလာတာ ရွာအထိဘဲ.. "

" တော်သေးတာပေါ့..ဘုရားအတူရှိလို့..! ဘေးကင်းကင်းနဲ့ ရောက်လာတာ "

" ဟုတ်ပါတယ်ဆို! အဲတာပြောတာ) ဟိုမှာ သူတို့ အဖေတော့ အားတကုန် စိတ်ဆိုးနေပြီ! စိတ်ဆိုးပြီဆို အဲတာ တစ်ပတ်လောက်တော့ အေးဆေးဘဲ.."

" အဆင်ပြေသွားမှာပါ! အစ်မရယ်..အဲလောက်လဲ စိတ်မပူပါနဲ့တော့ သားခေတ်လည်း သတိရလာပြီဘဲ အဲလောက် စိတ်ပူစရာမှ မရှိတော့တာ.."

" ဒေါ်လေး ပြောတာ ဟုတ်တယ်! မားမားကလည်း သော်သော်ကိုဘဲ အပြစ်တင်ဖို့ စဉ်းစားနေတယ် ဖုန်းဆက်ဖို့ကလည်း ရန်ကုန်မှာ ဘယ်သူမှ မရှိတာ..ပြီးတော့ ကိုကိုက အမြန်ပြန်ချင်တယ် ဆိုလို့ သမီးရဲ့ သင်တန်းတွေတောင် တဝက်ကြီးနဲ့ ပြန်လာတာကို.."

မနေ့ကတည်းက ဆူနေတာ မပြီးနိုင်တော့တဲ့ မားမားက အိမ်ရောက် သတင်းမေးတဲ့ အမျိူးတွေတင်မက မနက်စောစော ရောက်လာတဲ့ ဒေါ်လေးနန်းစံကိုပါ ရောက်လာကတည်းက ဖောက်သည် ချနေ၍ စိတ်ဆိုးမိတ။ အမှန်ဘဲ..။

ဟိုက အစ်ကိုတော်ကြီးတော့ သူ့သမီးကို မြင်တာနဲ့ လက်ကမချနိုင်အောင်ဘဲ ကဲကဲပိုနေတာကျ ဘယ်သူမှ အပြစ်မပြောကြဘူး..။

ကျန်းမာပြီးလားဆိုတော့လည်း အကောင်းတိုင်း မဖြစ်သေးတဲ့ အစ်ကိုကို မျက်စောင်းဝဲသည့်အပြင် စိတ်ဆိုးတာလည်း မဖော်ပြရဲသေး..။

နေကောင်းမှ အားပါးတရ အနိုင်ကျင့်အုံးမှာ..။
သူကြောင့် တစ်နှစ်ကျော်လောက် သော်သော် အချိန်ရင်းထားတာကအစ!..။ 

👑မောင့် အရှင် Where stories live. Discover now