part-5

3.7K 95 0
                                    

👑 မောင့်အရှင်

#အပိုင်း (၅)

မယုံကြည်နိုင်ခြင်း များစွာဖြင့် ခေတ်‌လူတစ်ယောက်
လူငယ်ခေါင်းဆောင်‌ ခေါင်း၌ ကြက်ပူထိုးပေးသည်ကို ခံယူရင်း အတွေးများနေ၏။

ယောကျာ်းတစ်ယောက်ဖြစ်ပြီး လည်စိမရှိတဲ့ ဖြစ်ရပ်။
လက်ရည်ဆိုင်တုန်းက လက်နှစ်ဖက်နဲ့ မောင်းလှဲတဲ့ ကိစ္စ..။

တံတားပေါ်က ရန်ပွဲကတည်းက မောင်မောင့်ကို
ကာထိုးပေးခဲ့ရတယ် ဆိုတဲ့ စကားတွေကို ခေတ်လူ
အခုမှ တွေးလေ တွေးလေ ခရီးပေါက်လေ ဖြစ်နေရသည်။

ဒါကို မသိတဲ့ သူက အမှားဖြစ်သွားရောလား..။
ဒီကောင့်ပုံစံကိုကြည့်အုံး ဘယ်သူက ယောက်ကလျာ ထင်မှာလဲ..?

ဝတ်ပုံစားပုံ အနေအထိုင်ကအစ မိန်းကလေးမပြောနဲ့  ယောက်ကလျာပုံစံနဲ့ကို နည်းနည်းမှ မတူဘဲ အားကောင်းမောင်း သန် ယောကျာ်းတစ်ယောက်ပမာ..။

ရည်းစားထားတာတောင် မိန်းကလေးဆိုကတည်းက
ဘယ်သူက ဒီကောင့်ကို ယောက်ကလျာ မှတ်မလဲ..။
ယောက်ကလျာဆိုတာ မြင်ယုံဘဲ မြင်ဖူးတာ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ဒီလိုတွေ ရှိတာမဟုတ်..မိတ်ဆွေလည်း မရှိပါ..။

ဘယ်လို ဖြစ်ဖြစ်ပါ ခွေးတောင် ထမင်း‌ေကျွးတဲ့သူကိုမှတ်မိသေးတာ သကောင့်က ထမင်းကျွေးလက်မှန်း မသိ ရိုက်သတ်မဲ့ လက်မှန်းမသိ သူ့ကို
လူရှေ့မှာ အရှက်ခွဲသွားတာ ဘယ်လောက် ခံပြင်း
ဖို့ကောင်းလိုက်လဲ..?

ရှိန်းခေတ်လူဆိုတာ ငယ်ငယ်ကတည်းက
ဂုဏ်သိက္ခာကို ခါးဝတ်ပုဆိုးလို မြဲမြဲ ဝတ်လာခဲ့သူ..။

အခြားသူတွေနဲ့ ရန်ပွဲမပြောနဲ့ ခုလို တဖက်လူရဲ့ အထိုးခံဖူးတာလည်း မရှိခဲ့..။

ဒါကြောင့် လူတွေရဲ့အလေးပေးမှု၊ အရေးပေးမှုနဲ့
လေးစားမှုကို ဘယ်နေရာရောက်ရောက် ခံရသူ..။

သစ်ရိပ်မှာ နားပြီး သစ်ကိုင်းအချိူးခံလိုက်ရတဲ့ ဖြစ်ခြင်း..။

" တောက် !!"

ခံပြင်းစိတ်နဲ့အတူ ဒေါသ စိတ်ကြောင့် လူက ရှုးရှုး
ရှားရှား ဖြစ်လာမှ အတွေးကမ္ဘာထဲက လွတ်မြောက်လာတော့  တဲထဲမှာ မည်သူမျှ မရှိတော့ပေ..။

👑မောင့် အရှင် Nơi câu chuyện tồn tại. Hãy khám phá bây giờ