part-10

3.7K 87 0
                                    

👑မောင့်အရှင်

#အပိုင်း (၁၀).

" မောင်မောင်...!"

ဆိုင်ကယ် အင်ဂျင်ကိုဖြုတ်နေရင်းဆဲ မာန်နေဂျာ ခေါ်သံကြောင့် မောင်မောင် အသံထွက်မထူးဘဲ မာန်နေဂျာထံ ကြည့်လိုက်သည်။

" ဖြိုးမောင်နဲ့ သင်ဃန်းကျွန်းမှာ
car သွားပို့တာ လိုက်သွားလိုက်အုံး..! "
" အခုလား.."
" အခုမဟုတ်တော့ မင်းက ဘယ်ချိန်သွားချင်လို့လဲ..
မြန်မြန် လတ်စသတ်လိုက်..!"
" ဟုတ်ကဲ့..!"

ဟုတ်ကဲ့သာ ပြောလိုက်ရတာ အပ်ထားတဲ့
ဆိုင်ကယ် အင်ဂျင်ကိစ္စတောင်ပြီးသေးတာ
မဟုတ်ဘူး..

နောက်ထပ် အလုပ်တစ်ခု ပြန်ပေးနေသည့် ဗိုက်ပူပူဂျာကြီးကို မောင်မောင် အမြင်မကြည်ချင်တော့..။
မာန်နေဂျာ ဦးကျော်ထက်ဆိုတာ ဟိုလူကြီး အားကိုးရတဲ့ လူမိုက်ထိန်းလို့ ဆိုရမလားဘဲ..။

" မင်းတို့ ပြန်လာရင်..Mix Coffee ခါးခါးလေး
ဝယ်ခဲ့အုံး..‌အေးအေးလေးနော်."
" ဘယ်နှစ်ခွက် ဝယ်လာရမလဲ ဆရာ..!!"

" မင်းတို့နှစ်ယောက်‌နဲ့ဆို သုံးခွက်လောက်ပေါ့..
ကျန်တဲ့‌သူတွေတော့ နောက်မှ.."
" ကျွန်တော်တို့ကိုကျ ချန်ထားတယ်ပေါ့ ဆရာက ရုပ်ချောတဲ့သူကိုဘဲ မျက်နှာလိုက်တယ်နော် "

မောင်မောင်တို့ စကားပြောနေတာကို ကြားပြီး
အလုပ်လုပ်နေရင်းက လှမ်းနောက်နေသည့်
မောင်မောင်လိုအလုပ်သင်သားတွေကြောင့်..

" တောက်!! ဒီကောင်တွေ..!! ရုပ်ချောတဲ့သူကိုဘဲ တိုက်ကြေးဆို မောင်မောင်ချည်း စားရတော့မှာပေါ့ မနေ့က မင်းတို့ ကောင်တွေ မြိုဆို့ထားတဲ့ သုံးထပ်သား‌ တွေ ဘယ်ရောက်သွားလဲ..!!"

" အဲတာက အားနာလို့လေ..!!"

အသက်လေးငါးဆယ်ကျော် ဦးကျော်ထက်က
ဗိုက်ပူပူကို ရှေ့ပစ်ပြီး ခါးထောက်ကာ ‌ခန္ဓာကိုယ်တစ်ခု လုံးတုန်တက်အောင် ရီရှာသည်။

" ဟားးးးဟားးး ဒီကောင်တွေတော့ မနိုင်ဘူး..!!"

အလုပ်သင်တွေထဲ မောင်မောင်က အသားဖြူဖြူ
ရုပ်ရည်ကလည်း ကိုးရီးယားမင်းသားလို ချောနေတော့ သူ့အလုပ်သင်ကောင်လေးတွေက ဒီကောင်
ကို မျက်နှာသာပေးမှာကို သဝန်တိုနေကြမှန်း သူ
နားလည်သည်။

👑မောင့် အရှင် Where stories live. Discover now