Part -15 (Zawgi )

115 2 0
                                    

မောင့်အရှင်
#အပိုင်း(၁၅)

ဟိုတစ်ယောက် နေဖင်ထိုးနေပြီသိလား..အခုချက်ချင်း ထမလား မထဘူးလား..ငါဝင်လာရင် နင် မလွယ်ဘူးနော် စစ်လွန်း.

.ဒါလား မိန်းကလေးတဲ့ ညလုံးပေါက် ဂိမ်းကြီးထိုင်ဆော့နေပြီး မနက်ကျတော့ လူသေလိုအိပ် နင့်ကို ရွာကို ပြန်ခေါ်သွားမှ ဖြစ်မယ်..မြန်မြန်ထတော့..ဒီနေ့ နင့်ကြီးတော်အိမ် သွားမယ်ဆိုတာ သိတယ်နော်

မယ့် အသံက စူးရှပြီး အတော်လေးကျယ်တာမို့ မောင်မောင်ထပ်ပြီးလည်း မအိပ်နိုင်တော့ပေ။ ခေါင်းကုတ် မထချင် ထချင်နဲ့ လူးလိမ့်ထရပြန်သည်။

#ဘယ်က ကြီးတော်လဲ ကျစ် မနက်စောစောစီးစီး ဆူညံနေတာဘဲ..ရွာမှာ အေးဆေးနေတာမဟုတ်ဘူး ရန်ကုန်ထိ လိုက်ပြီး ဒုက္ခပေးနေတာ ။
..

အသံထွက်ပြီးလည်း မပြောရဲ..ဒီလိုမျိုးသာ ပြောမိလို့ကတော့ ခေါင်းပေါ်မှာ လက်သီးဆုတ်က ရောက်နေပြီးသားဘဲ။

မနေ့ည သုံးချက်တီးအချိန်မှ အိပ်တာမို့ ခေါင်းက မူးနောက်နောက်..အိပ်ရေးပျက်ခံပြီး ဂိမ်းထိုင်ဆော့ပေမဲ့ ရှုံးသွားတာမို့ စိတ်ကလည်း တိုလိုက်ရသေးသည်။

အိပ်ယာမသိမ်းရင်လည်း ပြန်ပြီး ဝင်ကောမှာ သေချာတာမို့ မြန်မြန်ဆန်ဆန် လုံးထွေးပြီး သွတ်ထားပစ် လိုက်သည်။

ခုထိ ထွက်မလာသေးဘူးလား စစ်လွန်း အဲမှာ ကြာမနေနဲ့..ခုတောင် ကိုးနာရီထိုးနေပြီကို မြန်မြန် ရေမိုးချိုး ပြီး ထွက်လာ..ဒီကမအေက မနက်စာ စားဖို့ စောင့်နေတာကို..

ဟုတ်!!..

ဒီနေ့မှ စိတ်မရှည်ဖြစ်နေသည့် မယ့်ကို သူလည်း စိတ်မရှည်သည့် လေသံဖြင့် ဖြေပစ်ပြီး ရေချိုးခန်းထဲ ဝင်ကာ တစ်ကိုယ်လုံးကို ရေချိုးပစ်လိုက်တော့မှ အတော်လေး လန်းဆန်းသွားသည်။

ရောက်လာတုန်းက ဝယ်လာပေးတဲ့ ခဲရောင်တီရှပ်ကို ဘောင်းဘီတိုပွပွဖြင့် အမြန်အဆန်စွပ်ပြီးတာနဲ့ မှန်ထဲမှာ ကေကိုလည်း သရသေးသည်။

စစ်လွန်းဦး..

လာပြီ မယ်ရာ..ခဏ်လေး..

မယ့်ရဲ့ စိတ်မရှည်သံကြောင့် မျက်နှာခရင်တောင် မလိမ်းနိုင်တော့ဘဲ ဆံပင်ကို ဂျယ်တစ်ခုဘဲလိမ်းကာ ထွက်လာမယ် ရှိသေး နံရံပေါ်က ပြက္ခဒိန်ကြောင့် မျက်ခုံးနှစ်ဖက်က ဂျူံဝင်သွားသည်။

👑မောင့် အရှင် Where stories live. Discover now