pa-50(Zawgi)

62 0 0
                                        

‌👑မောင့်အရှင်

#အပိုင်း(၅၀)

ဒေါ်လေးတို့၊ မယ်တို့ ဆွဲထား၍ ရွာမှာတင် နောက်ထပ် နှစ်ပတ်လောက်ကြာသွားသည်။

ရန်ကုန်မှာ ချန်ထားတဲ့ အလုပ်ကော၊ သူ့ရောဂါကပါ ရှင်းရှင်းမပျောက်သေးသည့်အပြင် ဘေဘီ့အတွက် ‌ပြနေကျဆေးရုံက ဘေးနားမှာ အသင့်ရှိ‌ နေရမှာမို့ ရန်ကုန်ကို အမြန် ပြန်ဆင်းဖို့ ဖြစ်သွားသည်။

အစကတော့ နှစ်ဖက်မိသားစုနှစ်ဘက်လုံးက လက်မခံပေမဲ့ ဘေဘီ့အတွက်နဲ့ ‌ဒီလူ့ကျန်းမာရေး အတွက် စဉ်းစားပြီး လွတ်လိုက်ဖို့ လက်ခံလိုက်ကြ သည်။

><

ဒီနေ့တော့ ရန်ကုန် ပြန်ရတော့မှာမို့ အိမ်မှာ မုန့်လက် ဆောင်းလေးလုပ်ပြီး နှစ်ဖက်မိသားစုနဲ့ ဆွေမျိုး အချို့ကို ဖိတ်ပြီး ဆုတောင်းပွဲလေး လုပ်ဖြစ် သည်။ 

တစ်အိမ်သားလုံးလည်း အလုပ်တွေရှုပ်လို့..။
ကိုကြီးလည်း မနေ့က ခရီးပြန်ရောက်တည်းက သူ့ တူမကို လက်ကနေကိုမချတော့..။

ဒါကို မျက်စိပမွားဆူးနေတဲ့ ဖအေဖြစ်သူကလည်း
မီးဖိုခန်းထဲမှာ ရေသယ်တာဝန်ကျတဲ့ သူမဆီ ရောင်လည်လည်နဲ့ ရောက်လာပေါင်း များနေပြီ..။
‌ ‌
" မင်း သူငယ်ချင်းတွေနဲ့ကော နုတ်ဆက်ပြီးပြီလား?"
" မဆက်ရသေးဘူး.."

ခေါင်းခါပြီး ရေသန့်တွေကို ရေစည်ထဲ ထည့်တော့
သူကဘေးကနေ ကပျာကရာနဲ့ ဝိုင်းမဖို့လုပ်နေ၍

" အေးဆေး သွားထိုင်နေစမ်းပါ မင်းနေကောင်းသေးတာမဟုတ်ဘူး.."

" ထိုင်နေရတာ ဖင်တောင် ကြိမ်းနေပြီ..မိန်းမရာ.."
" ဘေဘီ‌နဲ့ အိမ်ရှေ့ လမ်းလျှောက်ထွက်ပေါ့.."

" မပြောချင်တော့ပါဘူးကွာ..မင်း အစ်ကိုလေ ငါ့သမီးကို အပိုင်သိမ်းထားတာ ပြောရင်လည်း တွန့်တိုတယ် ဖြစ်အုံးမယ်၊ မနေ့ညကတည်းက ငါ့သမီးက ငါ့လက်ထဲ ရောက်တယ်ကို မရှိဘူး.. လက်ကနေများ ဘယ်ချိန် ချမလဲကြည့်နေတာ ဟိုဧည့်သည်က ပွေ့သွားလိုက် ဟော နောက်တစ်ယောက်က ခေါ်သွားလိုက်နဲ့"

"........."

" ကိုယ်ပြောတာ ကြားရဲ့လားလို့ မိန်းမရာ.."

👑မောင့် အရှင် Où les histoires vivent. Découvrez maintenant