part -22

3.8K 93 2
                                    

👑မောင့်အရှင်

#အပိုင်း(၂၂)

လူကြီးတွေရဲ့ရှေ့မှာတင် လက်ကိုဆွဲပြီး ထွက်လာခဲ့သည်က ခြံဝန်းထဲရောက်မှ ဆွဲထားသည့်လက်ကို အားမပါ တပါနဲ့ လွတ်ချပစ်သည်။

အိမ်ထဲမှာ ဒီမြင်ကွင်းကို မြင်ပြီး မားမားတော့ ဘယ်လောက် အသဲနာနေမလဲ မသိ..။

“ မင်း..ဘာစတန့်တွေ ထွင်ပြန်ပြီလဲ..ဟမ်း!! စစ်လွန်းဦး!!”

“ လူကို လာမအော်နဲ့…ငါ မကြိုက်ဘူး..”

ရန်လိုနေသည့် မျက်နှားနှင့်သူမ..မျက်ခုံးတန်းနှခုလုံးကလည်း စုကျုံ့နေ၏။ အလားတူ..ခေတ်လူကိုယ်တိုင် ကလည်း အလျော့ပေးမည့်ဟန် အနည်းငယ်မျှမရှိပုံရသည်။ နီညိုရောင်နှခမ်းသားကို တင်းရင်းစွာ စိပိတ်ထား

ခါးထောက်ကာ မျက်ဒေါင့််နီဖြင့် စိုက်ကြည့်နေဟန်က ဘူးဆို ဖရုံမသီးမည့်ရုပ်..။

“ ဒီလိုမကြိုက်ဘူးဆိုရင် မင်း အချိူးတွေကိုပြင်လေ…မောင်မောင်!!လူကြီးတွေ စီစဉ်နေတာကို အေးဆေး ဝန်မခံဘဲ ခြေထောက်နဲ့ဖျက်ချင်နေတာလား..ဟုတ်လား မင်းငယ်တော့တာမဟုတ်ဘူးနော်..”

မောင်မောင် ခေါ်လိုက် စစ်လွန်းဦးခေါ်လိုက်နဲ့ ထိုလူကို ခပ်မိုက်မိုက် ကြည့်ပစ်ပြီး..

“ ငါ ဘယ်ခါတုန်း လူကြီးတွေအစီအစဉ်ကို လက်ခံခဲ့ဖူးတာ မင်းမြင်ခဲ့ဖူးလို့လား…အရေမရ မဖတ်မရတာတွေ လုပ်နေတာကို ချက်ချင်းရပ်ပြီး အိမ်ပြန်လိုက်တော့…နားလည်လား!! ”

လက်သာမဟုတ် ခေါင်းနဲ့ပါ သူ့ကို နှင်ထုတ်နေသည့် မိုက်တိမိုက်ကန်း ဒီကောင်မလေးကို သူ ဖြစ်နိုင်ရင် နှရင်းတွေချည်း ပြေးအုပ်ချင်မိတာ..။

ဒီနေ့ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ သူတို့နှစ်ဦး၏ ပုံစံဟာ မိုးနဲ့မမြေ၊ ရေနဲ့ဆီလိုပါဘဲ။

ကိုယ့်မှာ တိုက်ပုံအင်္ကျီနဲ့ ပုဆိုးကို သားသားနားနား ဝတ်ထားသလောက် သူ့ရှေ့မှ သူမမှာတော့လေ ရာ(ပ်)ပါ လိုလို..ဂျေလေဘီ လိုလိုနဲ့ ဘောင်းဘီပွပွ၊ အင်္ကျီပွပွနဲ့ လူကောင်က ပျောက်နေပြီ။

ဒီပုံစံနဲ့ လူကို ဆန့်ကျင်နေတာ ကြည့်ပြီး ဖျစ်ညစ်ပစ်ချင်စိတ်က တားဆီးမရ..။

👑မောင့် အရှင် Where stories live. Discover now