👑မောင့်အရှင်
#အပိုင်း (၃၃)
" စစ်လွန်း!! သမီး ဘယ်ကတည်းက နာနေတာလဲ.."
" မနက်တည်း ငါးနာရီကတည်းက..နာလိုက် ပြန်ပျောက်လိုက်နဲ့.."
ဒေါ်ယုမေ တစ်ယောက် မောင်"ကို ထိုင်ရတာ ပိုအဆင်ပြေသွားအောင် ပလက်ထိုင်ခုံတွင် လှဲစေလိုက်သည်။
"သော်သော်..ဆေးစာရွက်ထဲ ဘယ်နှစ်ရက်လို့ရေး ထားတာလဲ.."
" ဒီလ ၁၇ ရက်လေ..မားကလည်း .."
" မေ့သွားလို့ မေးနေတာမဟုတ်ဘူးးသေချာအောင် မေးနေတာ.."" ဟူးးးးးးအားး"
သားအမိတွေ ပြိုင်ငြင်းနေတုန်း မောင်"မှာ ဝေဒနာကို အလူအလဲ ခံနေရသည်။
နာကျင်မှုကို အဆုံးထိသည်းခံပြီး နုတ်ကနေ မညည်းညူဖို့ ကလေးမွေးတဲ့ Vedio တွေကြည့်တုန်းက ဆုံးဖြတ်ခဲ့ပေမဲ့..လက်တွေ့မှာ ဒီဝေဒနာကို ဘယ်လိုမှ
သည်းမခံနိုင်..။အလူးအလိမ့် ခံစားနေရသည်။
" စစ်လွန်းးး)) နာလာပြီ..ပြန်နာလာပြီလား..မဖြစ်ဘူး
မဖြစ်ဘူး မွေးချင်နေပြီထင်တယ်.. ရေမွှာ မပေါက်ခင် ဆေးရုံ အမြန်သွားရမယ်.."မားစကားကြောင့် သော်သော် စိတ်လှုပ်ရှားသွားသည်။
မောင်" မွေးတော့မှာတဲ့လေ...။ မောင်"မှာတော့ ဝေဒနာကို လိမ့်ကာ ခံစားနေ၏။"သော်သော်ရေ.."
" ရှန်း..မား.."
"ဒေါ်မျိူးကို ဟိုတစ်ခေါက် ပြင်ထားတဲ့ ပစ္စည်းတွေ ကားပေါ်တင်ထားပါလို့..ပြီးရင် ညည်း ဒေါ်လေးကို ဖုန်းဆက် အနမြန်ပြန်လာပါလို့..""ဟုတ်!! ပြီးရင်ရော..သမီးကော သမီးကော ဘာလုပ်ကူရမလဲ.."
"သားသားကို ဖုန်း ပြန်ဆက်ကြည့်ပါအုံး သမီး..သူနဲ့ ပါသွား တဲ့သူ အားလုံး..ဆက်သွယ်ကြည့်ပါ..ဒါ သမီး တာဝန်ဘဲ.."ဒီစကားတွေကို သမီးဖြစ်သူ နား အသာတိုးပြောရသည်။ မွေးဖွားခါနီး ဒီချွေးမကို စိတ်ဒုက္ခမပေးချင်။
အိမ်မှာလည်း ယောကျာ်းသားဆိုလို့ ခြံစောင့်နဲ့ သားသားဘဲရှိတာ ခု သားသားက အိမ်မှာ မရှိတော့ ခြံစောင့် ဦးကျော်ကို ပြေးခေါ်ရ ဒေါ်မျိူးကို လိုအပ်တာတွေ ကားထဲ အဆင်သင့် ထည့်ဖို့မှာ ရပြန်.. ချွေးမ ရှိတဲ့ အပေါ်ထပ်ကို ပြန်တက်ရပြန်နှင့်..ဒေါ်ယုမေ အလုပ်ရှုပ် နေသည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...