part -17

3.8K 78 2
                                    

👑 မောင့်အရှင်

#အပိုင်း ( ၁၇)

ရာသီဉတုကလည်း အေးစိမ့်စိမ့်..။ သို့သော်လည်း မောင်မောင့် ရင်ဘက်ထဲက အပူမီးကို မအေးချမ်းစေနိုင်။

အိပ်လို့ မရတာ ဒီနေ့ဆို နှစ်ရက်မြှောက်နေ့ ။ အချိန်က မနက်၂ နာရီခွဲ ။ ကောင်းကင်ကြီးဟာလည်း သူမ အဖြစ်လိုဘဲ   ကြယ်ရောင် ပျောက်ဆုံးနေကာ အာကာတစ်ခွန်လုံး  အမှောင်တိတိ ကျနေ၏။

တိုက်လေက ကြမ်းတမ်းမနေဘဲ လေပြေလေး အချိူ့ကြောင့်  မောင်မောင် ရပ်နေသည့် ပြတင်းပေါက်မှ ခန်းဆီးဖြူဖြူသည်  တစ်ချက်ချက် လှုပ်ခတ်သွားသည်။

ဒီအ ခန်းထဲမှာ မန္တလေး ပြန်ဆင်းသွားသည့် ကိုလတ်က လွဲပြီး မယ့်နဲ့ပါးပါး က လူနာစောင့်အတွက်ပေးထားတဲ ကုတင်ပေါ်မှာ အိပ်စက်နေပြီ..။ ကိုကြီးကတော့ ကျော်ခင်းယုံမှျ ကျယ်တဲ့ ဆိုဖာပေါ်မှာ လက်တင်ပြီး အိပ်နေလေရဲ့။

ဆယ့်တစ်နာရီမှာ တစ်ရေးအိပ်ပြီး ဒီနေရာမှာ ရပ်နေတာ ခုထိပါဘဲ။ တွေးနေရင်း တစ်ချိန်လုံး ကိုက်ထားသည့် လက်မရဲ့ လက်သည်းက အသားနဲ့ပင် ကပ်ပြီး သွေးစစို့ချင်နေပြီ..

“……….”

အတွေးဆိုပေမဲ့ သူမအတွေးဟာ အစလည်း မရှိသလို အဆုံးလည်းမရှိ..။ တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်။ အဓိပ္ပာယ်လည်းမရှိ..။

သို့ပေမဲ့ ဒီအတွေးရောက်လာသည့် အစကတော့ သူမထံ၌ ကလေးလေး ရှိနေပြီဆိုတာကို သိကတည်းကပင်။

တစ်မိသားစုလုံးက သူ ဒီကလေးကို ဖျက်ချဖို့ လုပ်ခဲ့တယ်ထင်နေကြပြီး ဒီ တရားခံကိုတော့ အတင်းမမေးလာလို့ တော်သေးပေမဲ့လည်း ဒီကလေးကို ထပ် ဖျတ်ချဖို့ ဖိအားပေး နေကြ ပြန်သည်။

သူဘယ်လို လုပ်ရမလဲ..။ မွေးရမလား မယ့်တို့ သဘောအတိုင်း ဖျတ်ချပစ်လိုက်ရမလား။

ဒီက မောင်မောင်ဆိုတဲ့ ကောင်က ဖျတ်ချဖို့ နေနေ သာသာ  ဒီကလေး ရှိလာတဲ့အကြောင်းအရင်းကိုပင် သေချာ မမှတ်မိသလို ဒီကလေး ရှိနေပြီဆိုတဲ့ အဖြစ်ကိုတောင် မသိခဲ့သူပါ..။

မွေးဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင် ရှေ့ဆက်ရပြီး ဖြစ်လာမှာကို ကြိုပြီး ကြောက်ရွံ့မိသည်။ ဘယ်လောက်ဘဲ မကြောက်ဘူးဆိုပြီး အားတင်းတင်း၊ လူတွေကို ဂရုမစိုက်တတ်ဘူးဆိုပေမဲ့ ကိုယ်မှားတဲ့အတွက် လူတွေ ပါးစပ်

👑မောင့် အရှင် Where stories live. Discover now