part-8

3.2K 88 0
                                    

👑မောင့်အရှင်

#အပိုင်း ( ၈ )

ည ရှစ်နာရီအချိန် တိတ်ဆိတ်နေသော ခြံဝန်းထဲ မောင်မောင့်ဆိုင်ကယ်သံ‌‌လေးက ဖြိုခွင်းလိုက်သည်။

ဒီချိန် ဟိုနှစ်ယောက် အိမ်ပြန်မရောက်သေးဘူးဆို
တာ ခန့်မှန်းမိသား..ဒါကြောင့်လဲ လမ်းထိပ်စားသောက်ဆိုင်က ပါဆယ် ဆွဲလာခဲ့တာ..။

အိမ်မှာ မားမားလက်ရာကို တဝတပြဲစွဲသလောက် ဟင်းတစ်ခွက်ဆို၍ ကြက်ဥကြော်မှ အပ ဘယ်ဟင်းမှ မချက်တတ်နဲ့ မောင်နှမသုံးယာက်လုံး ဆိုင်ထမင်း
ဟင်းနဲ့သာ ဖြေသိမ့်ရသည်။

ဆိုင်ကယ်ကို ဂို‌‌ေဒါင်အောက် သွန်းထားပြီး အိမ်ထဲ ဝင်လာခဲ့သည်။

"ချောက်!!!.."

မီးသီးအားလုံးကိုဖွင့်ကာ လက်ထဲက ပါဆယ်ထုတ်
ကို မီးဖိုခန်းထဲ သွားထားပြီး အခန်းထဲ တန်းဝင်ကာ
ချွေးတလုံးလုံးနဲ့ကိုယ်ခန္ဓာကို ရေချိူးပစ်လိုက်သည်။

ခဏမကြာလိုက်..ကိုကြီးနဲ့ကိုလတ် ကားတစ်စီး
နဲ့အတူ ရောက်လာကြသည်။

" မောင်မောင်..!! ဟေ့.."
" ဘယ်ရောက်နေတာလဲ.."
" ရှိမှာပါ..တော်ယုံဘဲ လောပါ အစ်ကို.. "

အိမ်ထဲဝင်လာပုံကလည်း ကပျာကယာနဲ့ နှစ်ယောက်သား မျောက်မီးခဲကိုင်ခဲ့သလိုဖြစ်နေသည်။

နိုင်ဦးက အကဲပိုနေသည့် ညီဖြစ်သူကို နောက်သလို ပြောရင်း သူကိုယ်တိုင်လည်း မျက်စိမအားနိုင်အောင် ဖြစ်နေသည်။

ဖုန်းဝင်လာကတည်းက ရင်ထဲမှာလဲ အပူကြီးက
ခုနေဆဲ..ဒီညီမလေးတစ်ယောက်ကို မျက်စိနဲ့ မြင်မှ စိတ်ချနိုင်မှာ..။

" ကိုစစ်ဦးလား..!!"
" ဟုတ်ကဲ့..ဘယ်သူများလဲ.."

ဖုန်းနံပါတ်တစိမ်းမို့မေးလိုက်တော့ တဖက်က ချက်ချင်းပင်..

" ကျွန်မ မြတ်ရတနာကျော်ပါ..မှတ်မိ‌ရဲ့လား..?"
" ခုက သူ့အစ်ကိုကြီးဗျ..ခဏနေမှ "

" ရတယ် ရတယ် ..အစ်ကို အိမ်အမြန်ပြန်ရင် ကောင်းမယ် ထင်တယ်..မောင်မောင် လေ ရန်ဖြစ်ပြီး ပြန်သွားလို့.."
" ဗျာ??"

တဖက်က အကြောင်းစုံရှင်းပြနေသလောက်
နိုင်ဦး တစ်ဦးတည်း‌သော ညီမလေးးအတွက် အပုမီးတွေ တောက်လောင်လာရသည်။

👑မောင့် အရှင် Donde viven las historias. Descúbrelo ahora