part -14

3.7K 85 0
                                    

👑မောင့်အရှင်

#အပိုင်း (၁၄)

"မင်္ဂလာပါ..အန်တီ.."
"ရောက်လာပြီလား..သားသူရ.."

အလောတကြီး နုတ်ဆက်နေသည့် ယောက္ခမလောင်းကြောင့် သူရ အကြည့်တို့က မြတ်ရတနာ ထံသို့ ရောက်သွားကာ..

" မြတ်က အပြင်သွားမလို့ထင်တယ်.."

" ဟုတ်တယ်..သူရ ငါ ကို့စီသွားမလို့ နင်ပါတစ်ခါတည်း လိုက်ခဲ့ပါ..နင်ပြတဲ့ ဗီဒီယိုဖိုင် တကယ်ဟုတ်မဟုတ် ငါသိမှဖြစ်မယ်..နင်က ကို့ကိုဆို အမြဲတမ်း လိုက်ပြိုင်နေတဲ့သူ.."

" သမီး..တိတ်စမ်း.."

ဒေါ်တင်မာ သမီးဖြစ်သူ၏ အတင့်ရဲ့ပုံကြောင့် ခေါ်သံပင် ပဲ့တင်သံထပ်သွားသည်။

" ရတယ်...အန်တီ မြတ် စိတ်ချမ်းသာဖို့အရေးကြီးတယ်...အိုကေ..မြတ် ကိုယ် သဘောတူတယ်
တကယ်လို့ ခေတ်က ဒီဖြစ်ရပ်က တကယ်ဆိုရင် မြတ် ကိုယ့်ဆန္ဒအတိုင်း လိုက်လျောပေးရမယ်.."

" အင်း..ဟုတ်တယ်..သမီး..သူရပြောတာ မှန်တယ်."
"မာမီ!!!သမီးကို ထပ်ချူပ်ပါနဲ့.."

" ချူပ်နေတာမဟုတ်ဘူး..မြတ်..ကိုယ်တို့ စိတ်ကြိုက်လုပ်လို့ရပေမဲ့ မြတ်ရဲ့ သဘောထားကို ဦးစားပေးနေတာ..
ဘယ်လိုလဲသဘောတူလား..သူငြင်းတယ်ဆို ကိုယ် နောက်ဆုတ်ပေးမယ် စိတ်ချ.."

မြတ်ရတနာ..ထိုစကားတစ်ခွန်းကြောင့် မျှော်လင့်ချက်
ရောင်ခြည်လေး ပြန်လည်တန်းလာပေမဲ့ တွေဝေနေမိသည်။
နောက်ဆုံးတော့ နုတ်နဲ့မဖြေချင်လို့ ခေါင်းလေးနဲ့သာ ငြိမ့်လိုက်သည်။
ကို့ရဲ့ အဖြေပေါ်မှာ အားလုံးက မူတည်နေတယ် ကိုရယ်..။

>

" ဒူ...ဒူ..."

ဖုန်းသံက မောင်မောင် သူ့အတွေးကို ယတိပြတ်သွားစေ၏။ မနက်စာ စားလျက်စကို ရပ်ပြီး မောင်မောင် ဖုန်းကို ပြေးကိုင်တော့...အလုပ်သစ်က သူဌေးဆီက ဖြစ်နေ၍ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

" ဟူး.."

ကိုယ့်ဘဝကလည်း ချမ်းသာအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ အခုထိ အကောင်အထည်က မဖော်နိုင်ဘဲ တစ်နေရာပြီး တစ်နေရာပြောင်းနေရတဲ့အဖြစ်..။

👑မောင့် အရှင် Where stories live. Discover now