part -20

4.3K 96 0
                                    

👑မောင့်အရှင်

#အပိုင်း (၂၀)

“ ဘာဖြစ်လာတာလဲ..”

“ အဲ..ကိုခေတ်လူ..”

“ဆိုင်ထဲကနေ ဘာဖြစ်လာတာလဲလို့..”

အောင်အောင်တစ်ယောက် ထိုနှစ်ယောက်အလယ်တွင် အနေခက်နေရသည်။ ကိုခေတ်လူကိုလည်း အားနာမိပါရဲ့..။ ဟိုတစ်ခါက မခေါ်ဖို့ပြောထားတာ..ကြောက်လို့တော့မဟုတ်ပေမဲ့..ကိုယ့်သူငယ်ချင်းအတွက် မဟုတ်လား..။

“ မဖြေဘူးလား..”

“ ဘာထွေထွေထူးထူး အဟုတ်ပါဘူး..ကိုခေတ်လူရဲ့..မောင်မောင်အကျင့် သိတဲ့အတိုင်းဘဲလေ..”

တွေ့တာနဲ့ အစွယ်ကြီးထုတ်ဖို့ဘဲ အတာစောနေကြသည့် ထိုလူနှစ်ယောက်ကြား အောင်အောင်သာ ဖြန်ဖြဲပေး လိုက်ရသော်လည်း တစ်ဖက်က မောင်မောင့်အချိူး နည်းနည်းမှ ပြေသည်မဟုတ်..။ ဘောင်းဘီအိတ်ကပ်ထဲ လက်နိုက်ပြီး ကိုခေတ်လူကို စိုက်ကြည့်နေပုံက မထိတထိ..။

“ သွားမယ်..”

“ မင်းကျန်ခဲ့..အောင်အောင် ငါ့ညီ အရင်ပြန်နှင့်လိုက်ပါ..အစ်ကို သူ့ကိုခေါ်သွားလိုက်မယ်..အဆင်ပြေတယ်မဟုတ်လား..”

“ဟား..ပြေတာပေါ့ ကိုခေတ်..”

“ ငါမပြေဘူး..မင်းဒိုးချင်ရင် ဒိုးသွား..”

“ လိုက်သွားလိုက်ပါ..မင်းကို တစ်ခုခု ပေးစရာရှိလို့နေမှာ..”

အောင်အောင်က ထိုလူရှေ့မှာတင် ထိုလူကိုင်လာသည့် အထုတ်ကို မှေးငေါ့ပြလာ၍ မျက်ဒေါက်နီနဲ့ ဖြဲခြောက်ကာ..

“ ဒီကိုလာခဲ့တာ ငါ့ခြေထောက်နဲ့ ငါလာခဲ့တာ..ပြန်ရင်လည်း ဟော့ ဒီခြေထောက်နဲ့ ငါပြန်မှာ..ဟုတ်ပြီလား..အရှေ့ဖယ်..”

တစ်ခွန်းနဲ့ ဘယ်တော့မှ မရတဲ့သူမ..။ အကြိမ်ကြိမ် ဘယ်လောက်ဘဲ ဆွေးနွေး စကားပြောထားထား မမှတ်မိတာလား..တမင် မေ့ပစ်တာလား မသိ..။

“ ငါသွားပြီနော်..နောက်မှ ပြန်လာလည်မယ်..ဘန်းနိုင်ပါ ခေါ်ခဲ့မယ်..”

“ခွေးသူတောင်းစား..”

“ စစ်လွန်းဦး.!!မင်း..”

👑မောင့် အရှင် Donde viven las historias. Descúbrelo ahora