part 41

3.7K 87 0
                                    

👑မောင့်အရှင်

#အပိုင်း (၄၁)

အရှေ့ဘက် နေလုံးကြီးဟာ တစ်နေ့တာ သူ့ရဲ့လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ဖို့အတွက်
အဆင်သင့်အနေအထားဖြင့် ဝံ့ဝံ့ကြွားကြွား ထွက်လာချေပြီ..။

ပတ္တာမြားရောင် ထွက်ခါစ နေလုံးကြီး၏ အလှအပ
အောက်၌ ကျေးငှက်အချိူ့ အစာရှာ ထွက်ဖို့ တာစောနေကြသလို တစ်အိမ်သားလုံး အလုပ်ရှုပ်နေသံကိုလည်း ဝရံတာကနေ သူ အတိုင်းသားကြားနေရပါသည်။

အိမ်ရှေ့မျက်နှာစာရှိ ခြံစည်းရိုး‌ ပေါ်၌ အရောင် သွေးစုံကာ ပွင့်လန်း‌ နေပြီမို့ အေးမြတဲ့ ဆောင်းကိုလည်း တပြိုင်တည်း ခံစားနေရပြီ..။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ အိမ်မက်တစ်ခုလို
ထင်ယောင် ထင်မှား တစ်ခုလိုပင်..။
ဒီလူ ထွက်သွားတာ ခုဆို လေးလနီးပါး ကြာသွားခဲ့ပြီ
ဆိုပေမဲ့ အရာအားလုံးဟာ နဂိုအတိုင်း ပြောင်းလဲမှု မရှိ လှည်ပတ်နေဆဲ..။

ပြောင်းလဲမှုဟူ၍ သမီးလေး ရက်(၁၀၀)
ပြည့်သွားတာကလွဲပြီး ဘာတစ်ခုမှ မရှိသေး..။

ဒီနေ့ဟာ..ဘေဘီလေးအတွက် ကင်ပွန်းတပ်မဲ့နေ့..။
ဒီလိုနေ့မှာ ဘေဘီလေးကို ဖွားဖို့ တချိန်က သူကျိတ်မှိတ်ခံခဲ့ရတဲ့နာကျင်မှုကို ပြန်အမှတ်ရစေ‌သည့်နေ့..။

မသိစိတ်ကကော အသိစိတ်ကပါ တစ်စုံတစ်ဦးကိုမျှော်ကိုးရင်း အသက်နဲ့လောင်းကျေးထပ်ကာ မွေးဖွားခဲ့တာ ..။ ယခုလည်း ထိုနည်းတူ ‌ဘေးနားမှာ ရှိနေစေချင်ပေမဲ့ ထိုတစ်စုံတစ်ဦးဟာ ရှိမနေခဲ့..။

"........"

မနက်ခင်းရဲ့ လေးအေးအေး ဝေ့တိုက်လာမှုဟာ
ရင်ထဲက  လွမ်း‌ဆွတ်မှုကိုတော့ မဖြေဖျောက်နိုင်ပါဘူး..။

ဝရံတာမှ အပြင်ဘက်ကို အချိန်ကြာကြာ ငေးနေရာက
ဈေးသွားမဲ့ ဦးကျော်နဲ့ ဒေါ်မျိူးကို မှာကြားနေသည့် ဒေါ်လေးရဲ့ မှာကြားသံကြောင့် အသိတရား ပြန်ဝင် လာသည်။

"အမျိူး..နွားနို့ဝယ်မယ်ဆိုကို စစ်စစ်ဘဲ ဝယ်လာခဲ့ပါ.. ဟိုတစ်ခေါက် ဝယ်လာတာ မစစ်ဘူးထင်တယ်..အရေက ကျဲနေတာဘဲနော်..သတိထားပြီး ဝယ်လာခဲ့အုံး.."

👑မောင့် အရှင် Where stories live. Discover now