part 36

3.2K 70 2
                                    

👑မောင့်အရှင်

#အပိုင်း (၃၆)

" ဒါပေမယ့် တကယ်လို့ ကလေးဟာ သွေးထဲက အောက်ဆီဂျင်ပမာဏ ကျလာ ပြီးပြာနှမ်းလာတယ်ဆိုရင်တော့ အရေးပေါ်ဆေးဘက်ဆိုင်ရာကုသမှု ချက်ချင်းလိုအပ်မှာဖြစ်ပြီး လိုသလိုကုသမှုတွေ ပေးရမှာ ဖြစ်ပါတယ်။

ပေးထားတဲ့ဆေးတွေ မတိုးတော့ဘူးဆိုရင် ခွဲစိတ်ကုသဖို့ စဉ်းစားရမှာပဲ..ကလေးအခြေအနေတော့ အဲလောက် မဆိုးသေးပါဘူး..မိသားစု‌ တွေ အရမ်းလည်း စိတ်မပူကြပါနဲ့..ခုချိန် မိခင်ကိုဘဲ ဂရုစိုက်ပေးကြပါ.. "

တဲ့...။

ဆေးရုံတုန်းက ဆရာဝန်ရဲ့စကားတွေ..ကို ဒေါ်ယုမေ ပြန် ကြားယောင်ရင်း ကုတင်ပေါ်က ချွေးမဖြစ်သူကို
တလှည့်...ပန်းရောက် ပခက်စင်‌ထဲ မြေးမလေးကို တလှည့် ကြည့်ရင်း ရင်ထဲ စိတ်မကောင်း..။

ဒီနှစ်ယောက်ဟာလေ..မြေးလေးဟာ ကိုယ်ဝန်ထဲက နှလုံးအား‌နည်းနေမှန်း လူကြီးတွေကို မပြောဘူး.။.

ခလုတ်ထိမှ အမိသ ဆိုသလိုခု‌တော့ မိဘတွေလက်ထဲ ရောက်လာပြီ..။

"ဟူးးးး.."

ဒေါ် ယုမေ သက်ပြင်းလေးချရင်း ‌ချွေးမလေးကို
ဆေးသွင်းပေးနေသည့် နစ်မလေးကို မှာစရာရှိတာမှာပြီး ထွက်လာခဲ့သည်။

" တစ်ခုခုဆို..လာနိုးနော်..သမီး.."
" ဟုတ်ကဲ့..အန်တီ.."

မနက်ဖြန်ဆို..ခင်ပွန်းဖြစ်သူလည်း မြဝတီဘက်ကို ဆင်းရမှာမို့..သူကိုယ်တိုင် အထုတ်အပိုးတွေကို သေချာ ပြင်ပေးနေရင်း..သားသားအကြောင်းက ခေါင်းထဲ ပေါ်လာ၍ ငိုမိပြန်သည်။

သားဖြစ်သူ သွားခါနီးကတောင် သူဒီလို ပြင်ပေးခဲ့သည်မဟုတ်လား..။

" ငါ့သားလေး..ဘယ်‌ရောက်နေလဲနော်..! အီးးး အိမ်ကို ဘေးမထိ ရန်မခဘဲ ရောက်လာပါကွယ်...အင့်...အိုး ဘာမှ မဖြစ်ပါစေနဲ့..သားဇနီးနဲ့ သားသမီးလေးကို လာတွေ့ပါအုံး..အီးး..မား ဘယ်လို လုပ်ပေးရမလဲ.."

မိခင်တစ်ယောက်ရဲ့ ငိုကြွေးသံဟာ သန်ခေါင်းယံချိန်ဝယ်..ပြည့်ကျပ်၍ မြို့သိပ်ခြင်းများစွာဖြင့်..။

👑မောင့် အရှင် Where stories live. Discover now