👑မောင့်အရှင်
#အပိုင်း (၂၇)
“အခုထိ မပြန်သေးဘူးလား..”
“ ပြင်ပြီးသွားပြီး..လာစားတော့..ဗိုက်ဆာနေပြီ..အော် ပြောဖို့ နေတယ်..နေ့လည်က ဒေါ်လေး ဖုန်းဆက်လာ တယ်…မင်း ဖုန်းပိတ်ထားလို့တဲ့...ဘာလေးလဲဆိုပြီး မေးတာ..
ဒေါ်လေးက မိန်းကလေး လို့ ပြောလိုက်တာနဲ့ အရမ်းပျော်
သွားတယ်ထင်တယ်.. ဦးလေးကို တခေါ်ခေါ်နဲ့ ဖုန်းတောင် မပြောနိုင်ရှာဘူး...မားမားတို့လည်း အတူတူပါဘဲ..ပျော်နေကြတယ်..မင်းကော မပျော်ဘူးလား..”သူ့ထံမှ ပေါ့ပေါ့ပါးပါးစကားသံလေးနဲ့အတူ ရီသံလေးပါ ရောစွပ်နေ၏။ တဆက်တည်း ရေသံပါ ကြားနေရ သည်မို့ ဆေးကြောနေရင်းက မောင်မောင်ကို ဆိုနေဟန်ပင်..။
ဘေဘီလေး အကြောင်းပါလာသည်နှင့် အနာကျက်သေးပုံမရသည့်
မောင်မောင်ထံကလည်း ဘာစကားမှ ထပ် မကြားရဘဲ..နှစ်ယောက်သား ကျောချင်းဆိုင် အနေထားဖြင့် ခဏသာ တိတ်ဆိတ်သွား၏။
အချစ်မပါ..ခံစားချက်မပါ..အသိတရားပင် မရှိပါဘဲလျက်..ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့်
ဗိုက်ထဲက ဘေဘီလေးရောက်လာခဲ့သည်..။ ဘယ်သူ့အမှားလို့ သေချာ ခေါင်းစဉ်တပ်လို့လည်း မရပြန်..။“မနေ့က မင်းအပေါ် ဒေါသထွက်မိသွားတယ်... ကလေးအတွက် စိတ်မပူနဲ့တော့..ငါ သေချာပေါက် ကယ်မှာ.. မင်း လုပ်ချင်တာတွေလည်း ဖြစ်လာမှာ..မပူနဲ့..လာထိုင်တော့..ထမင်းကြော် အေးကုန်တော့မယ်..”
“ တကယ် မိန်းကလေးလား..”
“….”မနေ့က မောင်မောင် အားဆေးသွင်းရင်းနဲ့ မှေးသွားတာ ဘာတစ်ခုမှ မသိလိုက်ရ..။ အဲဒီချိန်တုန်းက လူကို မနိုးလို့ ဒေါသထွက်ချင်ပေမဲ့..မလုပ်ချင်တော့..။ ငြီးငွေ့လာသလို..ဘဲ..။
“ အင်း..ဟုတ်တယ်…ဗုဒ္ဓဟူးနေ့ သွားရင် ပြန်ကြည့်လေ..မနေ့က အိပ်နေလို့ မနိုးဖြစ်လိုက်တာ..”
ဘေးနားမှာ ဝင်ထိုင်ပြီး ဂရုတစိုက်ဖြေနေပြန်တော့..မောင်မောင်မနေတတ်ပြန်..။ ဘေးဖက်ကို တစ်ချက် ရွေ့ထိုင်လိုက်ပြီး..
“ ဘေဘီလေးကို ကယ်ပေးမယ်ဆိုတာ တကယ် ပြောတာလား..မင်း တကယ် ကယ်နိုင်လား..”
“….”
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...