part 35

3.6K 75 0
                                    

👑မောင့်အရှင်

#အပိုင်း (၃၅)

“ မောင်”))) လုပ်ပါအုံး..ဘေဘီလေး..ဘေဘီလေး..တစ်ခုခု ဖြစ်နေပြီထင်တယ်..မျက်နှာ
ပြာနှမ်းလာပြှ..အီးးးအီးးး မငိုလည်း မငိုတော့ ဘူး..”

သော်သော် တစ်ယောက် ကလေးကို လက်မှာ ချီလျက်သားဖြင့် ငိုမဲ့မဲ့နှင့် စိုးရိမ်တကြီးဖြစ်နေချိန် မောင်" သမီးလေးကို အမြန်လက်လွဲယူလိုက်ပြီး သမီးလေးမျက်နှာကို ကြည့်တော့ သမီးလေးဟာ အနှီးထုတ်ထဲမှာ တစ်ကိုယ်လုံး ပြာနှမ်း‌နေပြီး အသက်ကို မနည်းရှုနေ၏။

ရင်တစ်ခုလုံး ပူသွားကာ ‌အနှီးထုတ်ထဲက သမီးလေးကို ပွေ့တာ ပွေ့ထားရင်း..ဘာလုပ်ရမယ်မှန်း မသိ တော့ ဘဲမောင်" ထိုခဏချင်း ကြောင်ကြည့်နေမိသည်။

ဘေဘီလေးး တစ်ခုခု ဖြစ်လို့ မရဘူး..။ လောကကြီးမှာ
ရောက်လာတာမှ မကြာသေးတဲ့ သမီးလေးး။

" ဘေဘီ..ဘေဘီရေ..မဟုတ်ဘူး..)) ဆရာဝန်..ဆရာ ဝန် ငါ့ကို ဆရာဝန်ခေါ်ပေးးး) မြန်မြန်.."

" အီးးး ဟုတ်တယ်..ဟုတ်တယ်..မေ့နေတာ..မားးရေ..
ဆရာ.."

သော်" ပျာယာခတ်သွားကာ.. ရှိုက်ကြီးတငင်နဲ့..
ကမူးကရှူးထွက်သွားချိန် မောင်" တစ်ယောက်
ကလေးကို ရင်ဘက်ထဲထည့်လျက် ပွေ့ထားရင်းက
အရှုးတစ်ယောက်လိုပင်..မျက်လုံးအကြည့်တို့ပင် ငြိမ်မနေဘဲ ကြောင်နေ၏။

ကလေးမှာလည်း အသက်ကို ကြိုးစားရှုနေရှာသည်။

"...အင့်))..."
" မရဘူး..ဘေဘီ..မင်း ဘာမှ မဖြစ်စေရဘူး..."

ထိုချိန်  OGနဲ့ အတူ ရောက်လာသည့်..သော်သော် အပြင် မယ့်လည်း အပြေးအလွှားရောက်လာကြသည်။

ရောက်ရောက်ချင်း ကလေးကိုမပေးဘဲ ရင်ဘက်ထဲ၌ ထည့်ပွေ့လျက်သားနှင့် ပြင်းပြင်းထန်ထန်  ငြင်းဆန်နေသည့် သမီး၏အဖြစ်ကို ကြည့်ရင်း ဒေါ်နန်းစံ ရင်ကွဲ မတတ် နာကျင်သွားရ၏။

" ‌သမီး စစ်လွန်း..ဆရာမတို့ကို ကလေးကို ပေးပါ.. ကလေး အသက်အန္တရာယ်ရှိတယ်..နော် သမီး.."
" ......."

OG ကိုယ်တိုင် ဖြောင်းဖျနေသည့် ကြားက မောင်" တစ်ယောက် စိတ်လွတ်သွားသည့်နှယ်..ကလေးကို ပွေ့လျက်သားနှင့်‌ကျောပေးလှည့်သွား၍ ရှိနေသည့် သူအားလုံး မျက်လုံးအပြူးသား ဖြစ်ကုန်သည်။

👑မောင့် အရှင် Where stories live. Discover now