part 28

3.5K 88 1
                                    

👑မောင့်အရှင်

#အပိုင်း (၂၈)

“အထုတ်ဖြည်တာ အခုထိ မပြီးသေးဘူးလား..သမီး..မွေဘဲ မွေမနေနဲ့လေ သူ့နေရာ သူလည်း ထားအုံး..”

“ မပြီးသေးဘူး))..ဆတ်သားခြောက် မျှော်နေတာကို..မားမားက ဘာလို့ မသယ်လာတာလဲလို့..သမီး ဒီလောက် အတန်တန် မှာရဲ့သားနဲ့..”

“ကိုယ့်ကားနဲ့လာတာမှ မဟုတ်တာ..သမီးငယ်ရယ်..သူများကားနဲ့ လာရပါတယ်ဆိုကာမှ..ဖယ်..ဖယ်..သွား မားမား လုပ်လိုက်မယ်.. ညည်း အစ် ကို ရေချိူးပြီးရင် ဝတ်ဖို့ အဝတ်အစားတွေ မီးပူသွားတိုက် ပေးထားလိုက် အုံး..”

“ မလုပ်ချင်ပါဘူး..သူ့မိန်းမ လုပ်ပေးရမှာကို..ခုတော့ ကိုကိုက မိန်းမသာ ရသွားတာ သမီးက အခုထိ သူ့မိန်းမ လုပ်ပေးရမဲ့ဟာတွေကို လုပ်ပေးနေရတုန်း..နည်းနည်းမှ မတရားသလိုကြီး..”
“ ဒီကလေး စကား ဆင်ခြင်ပြော.. တစ်ယောက်ယောက် ကြားသွားမှ…”

ရှေ့နောက်မကြည့် ပြောတတ်တဲ့ သမီးငယ်ဖြစ်သူကြောင့် ဒေါ်ယုမေတစ်ယောက် အထုတ်တွေဖြည်နေရင်းက အမြန်တားလိုက်ရသည်။

ရန်ကုန်ကို မန္တလေးကနေတဆင့် မောင်မောင့် အစ်ကိုကြီးကိုယ်တိုင် ကားနဲ့လိုက်ပို့ပေးတာမို့ ၊အိမ်မှာ  ခမည်းခမက်ပါ မိသားစုလိုက်ရောက်နေသည်မဟုတ်လား..။

“ဒီ သစ်တော်သီးတွေ ဘာလုပ်မှာလဲလို့..ဒီမှာလည်း ဝယ်စားလို့ရတာကို..”

“ ဟိုဖက် ဗီရိုထဲထည့်လိုက်ပါ..ခမည်းခမက်က မောင်မောင့်အကြိုက်တွေ သယ်လာတာ..ဒီပျားရည်တွေက နောက်က စတိုခန်းထဲ သွားထည့်ထားလိုက်..”

“ မားမားတို့ကတော့နော်..သမီးဖြစ်သူကို တွေ့တာနဲ့ခိုင်းမယ်ဆိုတာကြီးဘဲ..သမီးစာလုပ်ရအုံးမှာ..ဒီသမီး တစ်ယောက်တည်းရှိပါတယ်..အစ်ကိုရဲ့ဗာဟီရကော မိဘတွေခိုင်းတာတွေပါ လုပ်ပေးနေရတာ..ဒီလို သမီး ရထားတာ ကျေးဇူးတင်ကြ..ဟွန့်..”

သော်သော်တစ်ယောက် မကျေမနပ် ရေရွတ်ရင်း ရွာက သယ်လာသည့် ပျားရည်စစ်တွေကို သွားပို့ပြီး ပြန်ဝင် တော့..မားမားက တောဝက်ခေါက်ခြောက်တွေကို သူ့နေရာ သူ စီနေပြီ..။

👑မောင့် အရှင် Where stories live. Discover now