👑မောင့် အရှင်
#အပိုင်း (၃၈)
“ငါ့ကို အမှားလုပ်းထားတဲ့ လူတစ်ယောက်လို မကြည့်နဲ့..ငါ ဘာတစ်ခုမှ မှတ်မိတာ မဟုတ်ဘူး... ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာ မင်း ရှိမနေတာ ငါလည်း မသိဘူး..ပြီးတော့..”
“ကိုကို!! တော်ပြီ..ထပ်မပြောနဲ့တော့..မောင်” ဘာ သိသေးတာမဟုတ်ဘူး..ကိုကို မရက်စက်နဲ့တော့.. ”
“…….”ညီမဖြစ်သူဟာလည်း ဒီကောင်မလေးဘက်၌ ပါပြီး သူ့ကို အော်ပြောတဲ့အထိ..။
ဘေးတိုက်အနေအထားက သူကို ကြည့်လိုက်တော့လဲ..ကလေးကို ပွေ့လျက်သားနှင့်… သူတို့ကို နားမလည်စွာဖြင့် ကြောင်ကြည့်နေသည် မှာ တကယ်ဘဲ သူ့ ကျန်းမာရေး အခြေအနေကို မသိသည့် ဟန်ပင်..။
သုံးယောက်သား ဘာစကားမှ ထပ်မဆိုနိုင်ဘဲ ခဏသာ ငြိမ်သက်သွားကြသည်။
သော်သော်က ကိုကို အစား စစ်လွန်းကို အားနာလို့..။
ခေတ်လူကိုယ်တိုင်တော့..ရှေ့က ကောင်မလေးကို အကဲခတ်နေသည်။မောင်မောင်မှာမူ…ဒီလူ အဓိပ္ပာမရှိတာတွေ ပြောပြီး ညီမဖြစ်သူကလည်း သူ့ဘက်၌ ပါဝင်ပြောပေးနေသလို..။
ဘာတွေပြောနေမှန်းလည်း မသိ..။
“ အဲ..အဲ…အဲ..”
ထိုချိန် ဘေဘီလေးဟာ ဒီ သုံးယောက်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ ဟေ့..ကြောင်ကြည့်မနေနဲ့တော့..ကလေး ငိုနေပြီ..”
“ ဘာဖြစ်ကြတာလဲ..”“ ကလေး ငိုနေတာကို ..ဘာ မလုပ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေကြတယ်…မြေးလေးကို ဒီကို ပေးပေး..”
ဂရုဏာ ဒေါသသံလေး နှင့်အတူ အခန်းထဲ ရောက် သူများက ဒေါ်လေးနှင့် မယ်..။
မယ်က မောင်” လက်ထဲက ဘေဘီလေးကို လက်လွဲယူသွားပြီး နို့ဘူးလေးနဲ့ ဝံရံတာဘက်ကို ထွက်သွားသည်။
“ မားမား ကလေးကို ကြည့်ပေးလိုက်ပါအုံး..”
“ သားသား စိတ်လျော့..စိတ်လျော့..မားမားတို့ရှိတယ်...”
“မဟုတ်ဘူး..မားမား..ကလေးကို သူနဲ့ ဒီအတိုင်းထားလို့မရဘူး ထင်တယ်.. သူ ကလေးကို သေချာ ကြည့်တာ မဟုတ်ဘူး..”
ESTÁS LEYENDO
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...