Part -51

4.4K 138 2
                                    

👑မောင့် အရှင်

#အပိုင်း (၅၁)

မြစ်တစ်ဘက်ကမ်း၌ရှိသော လေဆိပ်သို့ ပုံမှန်အရှိန်ဖြင့်မောင်းနှင်နေသော သုံးဘီးကားပေါ်၌ မောင်မောင်အပြင် သမီးဖြစ်သူကို ပေါင်ပေါ်တင်ပွေ့ထားသော ခေတ်လူ အပါအဝင် အားလုံး မိသားစု သုံးယောက်..။

မောင်းနှင်တဲ့နေရာမှာ ရှိတဲ့ ပါးပါးနဲ့ဆို ငါးယောက် ပြောရမှာပေါ့..။ ကိုကြီးရယ်၊ သော်သော်ရယ်၊ ဒေါ်မျိူးကိုတော့ အောင်အောင် လိုက်ပို့ပေးတဲ့ သုံးဘီးကားလေးနဲ့အရင် ထွက်သွားနှင့်ပြီ..။

တိုးဝေ့လာတဲ့ လေအေးတွေကြောင့် သူ့ပေါင်ပေါ်က သမီးလေး တစ်ခုခုလိုနေမှာဆိုးလို့ ကြည့်မိပါရဲ့ ပန်းနုရောင် စွယ်တာအပါးတစ်ထည်နှင့် ဂျင်းဘောင်းဘီ ပွပွလေးကို တွဲဝတ်ထားပြီး မွေးပွဦးထုတ်လေး ဆောင်းထားတဲ့ ဘေဘီတို့များ လေအေးတွေကြားမှာ အကြောက်အရွံ့မရှိ လက်လေး တယမ်းယမ်းကာ သူ့အဖေ ပေါင်ပေါ် မှာ ခုန်စွခုန်စွနဲ့ ပျော်နေရှာသည်..။

“ဝါး..ဝါး..မွမွ..”

“ ခ်ခ်.ခ်..ခ်..”

ဖအေဖြစ်သူက မြူလိုက် သမီးက ဒါကို သဘောကျပြီး မျက်လုံးတွေ ပိတ်သွားသည်အထိ ရီနေပြန်တော့ ဇာတိကို ပြန်ခွဲရမယ်ဆိုတဲ့ မအီမလည် စိတ်ကြီးက ဒီမြင်ကွင်းကြောင့် ပပျောက်ကုန်သည်။

“ ကိုယ် အခုနမှ ပတ်ထားပေးလိုက်တာ..နည်းနည်းအေးနေမှာ ဆိုးလို့..”

မောင်မောင် စိတ်ပူနေမှန်း သိနေသလိုနဲ့ ဘေဘီကို တစ်ချက်နမ်းပြီး မောင်မောင်ဘက်ကို ပင် မကြည့်ဘဲ ဖြေလာသည့် သူက ခုကျတော့ ခရီးထွက်လို့လားတော့ မသိ သန့်လို့ ပြန့်လို့ မွှေးလို့.. ကြိုင်လို့..။

“ မင်းသား ရှုံးတယ်နော်..”

ဘာမှ မဟုတ်သလို နှခမ်းလေးတစ်ချက်မဲ့ကာ သူ့ကို ကြည့်ဆိုသွားသည့် သူမကြောင့် သူ့မှာ အသဲတယားယားနဲ့ ပါးကို လမ်းညစ်ဖို့ကလည်း ရှေ့ခုံမှာက ယောက္ခထီးရှိနေပြန်တာမို့ သမီးလေးဆီကိုသာ အာရုံပြန်လွဲရသည်။

သုံးဘီးကားလေး တံတားပေါ်ကို ဖြတ်ချိန်မှာတော့ အမြင်ထဲ ဝင်လာသည့် မြင်ကွင်းတစ်ခုကြောင့် သူမ အနား ကို ပို၍ တိုးလိုက်ပြီး

👑မောင့် အရှင် Where stories live. Discover now