👑မောင့်အရှင်
#အပိုင်း (၃၀)
“ မလိုပါဘူး..မယ့်ကို ခေါ်လိုက်မယ်..”
“ ဒေါ်လေးက မင်းသားသမီးမို့လို့လား..ပြန်မပြောနဲ့နော်..ငါ အခုနကတည်းက စိတ်ကြည်တာ မဟုတ်ဘူး..”
“မင်းကကော ငါ့သားလား..”“ အေဟေ့..မင်းကို ပြန်မပြောနဲ့လို့ ပြောထားတယ်လေ..ဒီပါးစပ်..”
“ အင့်..”နုခမ်းကို အညာအတာမရှိ သူ့လက်နဲ့ ဖိညစ်လာ၍ ထိုလက်ကို ယူပြီး လိမ်ပစ်လိုက်သည်။
“ အ..လွတ်..လွတ်..လွတ်..နာတယ်ကွ..”
“ သိတယ်နော် ငါ့အကြောင်း နောက်ဆို လက်မပါနဲ့..ဒီထက် ပိုဆိုးမယ်မှတ်..”
“ ဒီကောင်မလေးတော့..”ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးက မနည်းမနောကြီးနဲ့ ရှေ့မှာ မျက်နှာကြီးရှုံ့ပြနေပြီး ပါးစပ်ကနေ တသွက်သွက် ပြောလို့မဆုံးနိုင်တာကိုလည်း အံ့ ဩမိပါ၏။ ဒီလူဟာလေ တခါတလေကျရင် အဲလိုမျိူး သူနဲ့မတူဘဲ တခြားပုံစံ ဖြစ်သွားတတ်သည်။
သူမျက်နှာချိူသွေးပြီဆိုတာနဲ့ ကိုယ့်မှာ ကြောက်နေရတာ..။ မနက်မနက်ဆို အခန့်မသင့်ရင် သူ့ရင်ခွင်ထဲ ရောက်နေလို့ ကျွေးထားရတဲ့ လက်တီးတွေလည်း သူ့ကိုယ်ပေါ်မှာ မနည်း..။
“ ဘာကြည့်တာလဲ…”
“ ကြည့်ချင်လို့ ကြည့်တယ်များမှတ်နေလား…ဖယ်စမ်းပါ..ရှေ့က..”လူကို တမင်တိုက်ထုတ်ပြီး မပေါ့မပါး ရေချိူးခန်းထဲဝင်သွားသည့် သူမနောက်ကို အမြန်လိုက်ရသေးသည်။
တစ်ဦးဗိုက်မို့လား…သူမ ဗိုက်ပူပူလေးက တီရှပ်အင်္ကျီပွပွအောက်မှာ သိပ်မပေါ်..။နောက်လထဲ မွေးရမှာမို့ သူ့မှာသာ မွေးဖွားဖို့ ဘေဘီးလေးရဲ့ အသုံးအဆောင်ပစ္စည်းတွေကအစ မားမားနဲ့ ဒေါ်လေးအကူအညီနဲ့
ကိုယ်တိုင်ကိုယ်ကျ လိုက်ဝယ်စုရသလောက်..သူမထံက ကျေးဇူးတင်တယ် တစ်ခွန်း တောင် ခုထိ မကြားရသေးတာ ဖြစ်သင့်သလား..။
ဒီနေ့လည်း တစ်နေ့လုံး ကိုယ့်မှာ ဖုန်းမကိုင်လို့ပူပန်နေရသလောက်..သူမမှာတော့..ဆိုင်အေးဆေး ထိုင်နေနိုင်သေး..။ ဆိုင်မှာတွေ့ခဲ့ တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးသူ့မှာ မေးစရာမေးခွန်းတွေ တပုံတခေါင်းကြီး..။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...