party 26

3.8K 104 4
                                    

👑မောင့်အရှင်

#အပိုင်း (၂၆)

“…..”

အခန်းထဲ ကွန်ပျူတာ တစ်လုံးနှင့် မောင်မောင် မျက်တောင်ပင် မခတ်နိုင်အောင် အလုပ်ရှုပ်နေသည်။ ခေါင်းတွေလည်း တစ်ညလုံး မအိပ်နိုင်ဘဲ google မှာ ကလေးနှလုံးမူမမှန်မှုနဲ့ ပတ်သက်ပြီး ဟိုခေါက် ဒီခေါက် ရှာဖတ်..တာနဲ့တင် ညလုံးပေါက်သွားတာ မျက်လုံးတွေ စပ်ပြီး ခေါင်းလည်း မူးနေပြီ....။

ကိုယ်ခန္ဓာက အိပ်စက်ခြင်းကို တောင်းတနေသော်လည်း စိတ်ကမူ ဘယ်လိုမှ ဖြေမနိုင်ဆည်မနိုင်ဘဲ ဖြစ်နေရ သည်။ အမြဲတမ်း ဗိုက်ထဲကတောင် ကန်နေတတ်တဲ့ ဘေဘီလေးက နှလုံးချွတ်ယွင်းမှု ရှိနေတယ် ဆိုတာ သူမယုံနိုင်ဘဲ ရှိနေသည်။

“….ဘေဘီလေး..မင်း အခု အရမ်းနာကျင်နေတယ်မဟုတ်လား..ငါ့လို လူဆီမှာ လာခိုအောင်း နေရတာလေ.. ဘေဘီလေး နာကျင်ရမှာတော့ ငါမလိုလားဘူး ဘေဘီလေးနဲ့ နာကျင်မှုတွေကို အားလုံး ငါဘဲ  ယူ လိုက်ချင် တယ် မင်းကိုတော့ ဘယ်လိုမျိူး ဝေဒနာမှ မပေးချင်ဘူး..သိလား..”

နူးညံ့ညင်သာ တိုးတိတ်သော စကားသံလေးဟာ မောင်မောင်နှုတ်မှ တဖွဖွလေး ထွက်ကျလာ၏။ သွယ်လျသော လက်ချောင်းတို့ဖြင့် ကိုယ့်ဗိုက်ပူပူလေးကို ညင်သာစွာ ထိတွေ့နေရင်းက မျက်ဝန်းအိမ်မှာ မျက်ရည်စတို့ဟာ လည်း သူမသိချိန် ဝေ့တက်လာခဲ့ပြီ..။

မျက်ရည်စတို့ကို လက်ခုံနဲ့ အကြမ်းပတမ်း သုတ်ပစ်ပြီး..ခေါင်းအုံးကို မျက်နှာအပ်ကာ တရှုံ့ရှုံ ငိုနေမိသည်။

ဒီမျက်ရည်တွေ နောက်တစ်ခေါက် မကျဖို့ ဆုံးဖြတ်ထားပေမဲ့ ပြန်ကျခဲ့ပြီ..။

ဘေဘီလေးနဲ့ ပတ်သက်ရင် သူ ဘာကိုမှ ထိန်းချူပ်ထားလို့မရကြောင်း ပိုနားလည်လာသည်။ ရင်ဘက် တစ်ခုလုံးဟာလည်း တဆစ်ဆစ် နဲ့ နာကျင်ကာ အောင့်သက်နေသည်အထိပင်..နာကျင်ရပါ၏။

“မှားမိတာ ရှိရင်လည်း ငါ့ကိုဘဲ အပြစ်ပေးပါ…ငါမှားတယ်..ငါ မကောင်းဘူး  ဟင့်..မကောင်းတဲ့ သူ ဟုတ် တယ်..ဒါကြောင့် ငါ့ကိုဘဲ အပြစ်ပေးပါ..ဒဏ်ပေးပါ..ကလေးလေးကိုတော့ လွတ်ပေးပါ..ဟီး ဘေဘီလေးကို ကယ်ပေးပါ..တောင်းပန်ပါတယ်..တကယ်တောင်းပန်ပါတယ်..ဟင့်ဟင့်..မယ့်ရေ..ကျွန်တေ်ာ ဘယ်လို လုပ်ရ မလဲ..ကျွန်တော် ဘာမှ မသိတော့ဘူး..ဟင့်..ကျွန်တေ်ာ ကြောက်တယ်..))))) ”

👑မောင့် အရှင် Where stories live. Discover now