👑မောင့်အရှင်
#အပိုင်း (၉)
" မင်း ဘာလုပ်တွေ တတ်လဲ..!"
" ဘာကို ပြောချင်တာလဲ?? "ခံစားချက်တွေ ပြင်းထန်နေတဲ့အပေါ် သူ့ရဲ့ အစမရှိ
အဆုံးမရှိသော မေးခွန်းကြောင့် ခါးပင် မတ်သွားယုံမက မောင်မောင့် အသံက ခပ်ရှရှ..။ခေတ်လူကိုယ်တိုင် လက်ပိုက်ပြီး ထိုင်နေရာက ဆတ်ဆတ်ထိမခံဖြစ်နေသည့် မောင်မောင့်ထံက အကြည့်ကို လွဲပြီး နှခမ်းပါးတွေကို တင်းအောင် စိပိတ်ထားပုံက သည်းခံနေတယ်ဆိုတာကို မြင်အောင် ပြနေသလိုပါဘဲ..။
သူ စိတ်ကို ထိန်းမှ ရမဲ့အခြေအနေ..။
ဒီမှာ ကိုယ်က အကြီးဆုံးမဟုတ်လား?။သော်တာကတော့ အခြေအနေကို စောင့်ကြည့်ကာ
အဟန်ရင် ဝင်တားဖို့အဆင်သင့်အနေထားနှင့်..။"........"
" ထားလိုက်ပါတော့..မင်းလည်း မင်းဆန္ဒနဲ့ ရောက်လာပြီ.."
" No..!!လုံးဝ Noဘဲ ငါ့ ဆန္ဒတစ်ခုမှ မပါဘူး "မောင်မောင်ထံက မကျေနပ်သံကြီးထွက်လာသည်။
မတ်ထားတဲ့ ကိုယ်က ခေတ်လူ၏ ပြေပြေလည်လည်စကားသံကြောင့် ဆိုဖာပေါ် ပြန်မှီသွား၏။" ဟူး.. နင် စကားကို လက်ပေါက်ကပ်အောင် မပြောနဲ့ မောင်မောင် နင်လေ ငယ်တော့တာလဲ မဟုတ်ဘူး... "
" ဟွန်း..အဲတာ ငါ့အကျင့်လို့မှတ်လိုက်လေ.."အစကတည်းက မကြည်တဲ့ ညီမဖြစ်သူက စိတ်မရှည်သလို ဝင်ပြောပေမဲ့ ဒီကောင် နည်းနည်းမှ စိတ်ဆိုး
သွားဟန် မပေါ်..။ပြုံးလိုက်တဲ့အပြုံးကလည်း အခြား မဲ့ရွဲ့တဲ့ အရိပ်ယောင် မရှိ..။ အဲဒီနေရာမှာ သူသာဆို..ဒီကောင် ထထိုးလောက်သည်။
" မှတ်စရာလား..နင့်အကျင့်ဆိုးကို..!! ငါပြောထား
တယ်နော် ရှေ့ဆက် ကောင်းကောင်းဘဲနေချင်တယ် လို့.."
" ငါက ဘာပြောနေလို့လဲ..?ဟ.."ကိုယ်မဟုတ်ဘဲ သူတို့နှစ်ယောက်ချည်း စကားနိုင်
လုနေတာ လိုရာကို မရောက် နိုင်ဖြစ်နေသည်။"...."
" ကိုကို ပြောစရာရှိတာ ပြောလေ..!!"ခေတ်လူ ဒူးနှစ်ဖက်ပေါ် လက်တစ်ဖက်စီတင်ရင်း လေးလေးနက်နက် ဖြစ်အောင် လုပ်လိုက်သည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...