👑 မောင့်အရှင်
#အပိုင်း (၄၃)
" သမီး စစ်လွန်း! ဒေါ်လေး ဝင်လာပြီနော်.."
တံခါးခေါ်မနေတော့ဘဲ အသံလည်း ပြန်မလာ၍ ဒေါ်ယုမေ တံခါးကိုအသာဖွင့်ကာ ဝင်လိုက်သည်။
ကုတင်ပေါ်တွင် သားအမိတွေ အိပ်စက်နေပုံဟာ
တကယ်ကို အပြစ်ကင်းလှသည်။"........"
ခြေသံကိုဖျော့ပြီး ကုတင်အနား တိုးလျှောက်လာခဲ့
လိုက်သည်။ပြန့်ကျဲနေတဲ့ ဓာတ်ပုံအချိူ့နဲ့ အယ်ဘဲန် သုံးလေးခု က ကုတင်ပေါ် ထိုအတိုင်းလေး ရှိနေဆဲ..။
သားသားနဲ့ လက်မထပ်ခင်ချိန်က သားသားရိုက်ထားပေးတဲ့ ပုံတွေကော မင်္ဂလာပုံတွေကအစ မြေးလေး မွေးကင်းစပုံအထိ ထည့်သိမ်းထားသည့် အဲဘဲန်ဖြစ်သည်။
ဒါတွေကြည့်ပြီး အိပ်သွားပုံရသည်။ မိခင်ဖြစ်တဲ့ သူပင် ပုံလေးတွေကို ကြည့်ပြီး မျက်ရည်ဝဲမိပါသည်။
သားသား အခြေအနေက မျှော်လင့်ချက် ထားထား
ရမလား..။ မထားရမလား မသိတော့..။သမီးဖြစ်သူ သော်သော်ကတော့ အခြေအနေကောင်း
တယ်ကြီးဘဲ သတင်းပို့ပေးရှာပါသည်။" အဲ..အဲ..အယ်..."
ပစ္စည်လေးတွေ သိမ်းပေးနေရင်း မြေးလေး နိုးလာ၍
ချီပွေ့မယ် အလုပ်..ချွေးမကပါ ဒန့်ခနဲ့ ထထိုင်လာသည်။" ဒေါ်လေး..? ဘယ်ချိန်က ရောက်နေတာလဲ?"
" ခုလေးတင်..? ကလေး နို့ဆာနေပြီထင်တယ်..နို့ဘူးကော.."" ရတယ်! နို့ဘူး မလို တော့ဘူး.. ဖျော်လည်း မဖျော်ထားဘူး..ကျွန်တော် နို့စတိုက်နေပြီ.."
" ဟင်း..နို့က..နို့က ထွက်ရဲ့လား.."
" အင်း..ဆရာဝန်က ကလေးအတွက် မိခင်နို့က အကောင်းဆုံးတဲ့ မထွက်လည်း အဲလိုဘဲ စတိုက်ဆိုလို့..
ဆေးလည်း သောက်နေတယ်.."" အမလေး..ငါ့သမီး တော်လိုက်တာ..! တိုက်တော့..
တိုက်တော့ ကလေး ငိုပြီး အိပ်မရဖြစ်တော့မယ်.."
" အင်း..!!"သူတောင် မသိ..ဘယ်ချိန်ကတည်း စတိုက်လဲလို့တော့ မမေးမိတော့ပါ..။ တကယ်ဘဲ ဒီလို သတင်းကြားရတော့ ဝမ်းသာလို့မဆုံး..။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...