မောင့်အရှင်
#အပိုင်း (၁၂)
" ခုတလော သားခေတ် အိမ်ကို သိပ်မလာတော့သလိုဘဲနော်..သမီး"
" အင်း..ဟုတ်တယ် သူအလုပ်ရှုပ်နေလို့ မာမီ"
ဟင်းချိုဇွန်းကိုချပြီး မိခင်ဖြစ်သူစကားကို ပြန်ဖြေလိုက်ပေမဲ့ မြတ်၏ တစ်ခုခုကို ဖုံးကွယ်ထားချင်သည့်
အမှုအရာက ပေါ်လွန်နေသည်။
" သမီးတို့ အဆင်ကော ပြေကြရဲ့လား..နှစ်ယောက်သား စကားများ.."
" မာမီကလည်း အဲလိုဖြစ်ရအောင် ကလေးမှ မဟုတ်တော့တာ.."
" ဒယ်ဒီလည်း သိချင်နေတာ ..သမီးတို့တွေက ငယ်တော့တာလည်း မဟုတ်တော့ တစ်ယောက်နဲ့ တစ်ယောက် ငြီးငွေ့နေလို့များ.."
" ဟား..ဒယ်ဒီကလည်း အဲတာဘာစကားကြီးလဲ သမီးတို့တွေက တစ်ယောက်ကို တစ်ယောက် ဘယ်တော့ မှ
အဲလိုမျိုး ငြီးငွေ့တယ်ဆိုတာ ရှိမှာမဟုတ်ဘူး..ဒယ်ဒီရဲ့"
" ဟုတ်ပါပြီ..ဒယ်ဒီတို့က ဒီတစ်ယောက်တည်းနဲ့ဘဲ အဆင်ပြေရမယ်ဆိုပြီး အတင်းအကြပ် မပြောဘူးနော်
သ္မီးလေး စိတ်ချမ်းသာဖို့က အရေးကြီးတယ်..ဖူးစာဆိုတာကလည်း မှန်တယ် စဉ်းစားထားမှ လွဲသွား တတ်တာ ရှိလို့.."
"အား..ဒယ်ဒီကလည်း..သ္မီးတို့တွေက လုံးဝ ဘုရားပေးထားတဲ့ ဖူးစာဖက်တွေပါ ..မယုံရင် စောင့်ကြည့်နေ"
"ဘာလဲ မိဘတွေ မရှိတော့မှ မင်းတို့က အိမ်ထောင်ပြုဖို့ စဉ်းစားထားတာလား.."
" ခုတော့ မြန်သေးတယ်လေ..မာမီတို့ကလည်း.."
မြတ်..ထိုစကားကို သဘောမကျစွာ ပြင်းပြင်းထန်ထန် ငြင်းဆိုရင်း ချစ်သူဖြစ်သူကို ပြန်သတိရမိသည်။
ခုနောက်ပိုင်း ထူးခြားလာတာတော့ အတော့်ကို ထူးခြားလာတာ..။ ဒေါသမထွက်တတ်တဲ့ ကိုက သူ့အိမ်က
ယောက်ကလျှာလေးကို ဒေါသတွေထွက်ပြီး အခန်းပိတ်ထားတယ်တဲ့လေ..။
စကားကြမ်းကြမ်း မပြောတတ်တဲ့ ကိုက အဲဒီတစ်ယောက် ပေါ်မှာ ပြောဆိုလိုက်တာများ မြတ်ကိုယ်တိုင် မကြားရင် ယုံနိုင်မှာတောင်မဟုတ်ဘူး..။
ESTÁS LEYENDO
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...