👑မောင့်အရှင်
#အပိုင်း (၁၉)
" အိုး..သူတို့ကဘဲ သဘောမတူချင်သလို ဘာလိုလိုနဲ့...ကျွန်မတို့ကို ပြုမူလိုက်တဲ့ အပြုအမူက နည်းနည်း အဆင်မပြေဘူးနော် အစ်ကို..ဒီအတိုင်း ခေါင်းငြိမ့်ခံနေမှာလား.."
တဖက်ခန်းက မယ့်၏ ခံပြင်းသံလွင်လွင်လေးက မောင်မောင့် အခန်းမှပင် ကြားနေရသည်။ ထို့ကြောင့်လည်း ဒီမပြီး နိုင်သော ကိစ္စကြောင့် သူ့ဆုံးဖြတ်ချက် မှားပြီလားဟူသော စိတ်နှင့် နောင်တနား နီးနေလျက်။
ဒီထက်ပိုပြီး မိသားစုကို ဒုက္ခမပေးချင်လိုတော့ စိတ်ကလည်း အလိုလို ဝင်လာသည်။
" ကျွန်မတော့ ရန်ကုန်မှာကတည်းက အဲကောင်လေးကို သဘောမကျတာ...ကျွန်မသမီးကို အရမ်းနိုင်တယ်လို့ မြင်တယ်..အစ်ကို မသိလို့...ဆရာကတော် ကျွန်မသမီးကို ပတ်ဝန်းကျင်မှာ ဘာတွေ လျှောက်ပြော နေတယ် ထင်လဲ....
ကျွန်မနားနဲ့ ပြန်ကြားရတာ ဒီရင်ဘက်ထဲမှာ ဘယ်လောက် ခံစားရလဲဆိုတာ သိလား...သူတို့ဘက်က အဲလောက် အခြေအနေကို တင်းနေတာ...ကျွန်မတို့ မိန်းကလေးရှင်ဘက်က ခေါင်းငုံခံရမှာလား.."
"......."
" ရွာရဲ့ Paster ဖြစ်နေတိုင်း မျက်နှာလွဲထားရမှာလား ဟမ်း..အစ်ကို ပြောပါအုံး..ဘာလို့ သမီးအတွက် နည်းနည်းမှ ပူပင်တဲ့စိတ်တောင် မရှိတော့ဘူးလားလို့.."
ဦးသာဦးတစ်ယောက် ဇနီးဖြစ်သူ၏ ဖိအားကြောင့် ထွက်ပြေးချင်လောက်အောင်ပင် စိတ်တွေ ရှုပ်သွားသည်။
ဟိုကောင်လေး ဝန်ခံသွားခဲ့သော်လည်း တဖက်ကမိသားစုဆီမှ တုံ့ပြန်မလာ၍ တစ်မိသားစုလုံးအတွက် အရှက် တစ်ခု ဖြစ်ခဲ့ရသည်မဟုတ်လား..။ ဒီအထဲ ဇနီးသည်က ပိုဆိုး၏။
" နန်း..စိတ်လျော့ပါကွာ..ငါအားလုံး ဖြေရှင်းပါ့မယ်.."
" ရှင်က ဘာကို ဖြေရှင်းမှာလဲလို့..ကျွန်မတို့သမီးကို လက်ထပ်ပေးပါ...မထပ်ရင် တရားဆွဲမယ်ဆိုပြီး အောက်ကျခံပြီး သွားပြော မလို့လား...ကျွန်မတော့ အဲလိုမျိူး လုံးဝမလုပ်နိုင်ဘူး.."
" အဲလို မလုပ်ရင် မရတော့ဘူးလေ..မင်းကလည်း..ခုက တရွာလုံး လိုလို သိနေပြီဟာကို.."
ESTÁS LEYENDO
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...