👑မောင့်အရှင်
#အပိုင်း (၂၉)
“ အင်း..မြတ်..ပြောလေ..”
“ဟင့်..ကို..”ဖုန်းထဲမှ နာကျင်စွာ ထွက်ပေါ်လာသော ရှိုက်သံသဲ့သဲ့ကြောင့် သူ မြတ်အတွက် စိုးရိမ်သွားသည်မှာ အမှန်ပင်..။
“ မြတ်..မြတ် ဘာဖြစ်တာလဲ..ပြော..ဘာဖြစ်တာလဲ..ကိုယ့်ကိုပြော ..သူရ အဲကောင် ဘာလုပ်လို့လဲ..”
“ ကိုရေ..မြတ် အခု ရဲစခန်းရောက်နေတယ်..”
“ရဲစခန်းကို..?”“ဟုတ်တယ်..သူ..သူ့ကို သည်းမခံနိုင်တော့ဘူး..ဟင့်..ဟီး..သူ့ကို..ဆက်ပြီး သည်းမခံနိုင်တော့ဘူး..”
“ မငိုနဲ့..မြတ်..ကိုယ့်ကို သေချာပြော..မငိုဘဲနဲ့ပြော..”“မြတ်ကြောက်တယ်..မြတ်ကို လာခေါ်ပေးလို့ရမလား..ကျေးဇူးပြု၍နော်..ဟင့် မာမီတို့လည်း မသိဘူး..ဘယ်သူမှ မသိဘူး..ကူညီပေးပါနော် စစ်လွန်းကိုလည်း မြတ် ဖုန်းဆက် လိုက်ပါ့မယ်လေ..နော် ဟီး ”
“ အခု အဲဒီကောင် ဘယ်မှာလဲ..”
“မြတ် ထွက်ပြေးလာတာ..သူမသိဘူး..”
“ဟုတ်ပြီ..ကိုယ် လာခဲ့မယ် အဲဒီရောက်မှ အသေးစိတ်ပြောကြတာပေါ့..”“ကျေးဇူးပါ..ကို..မြတ် မှာ ကူညီတောင်းစရာ မရှိလို့ပါ..”
“ အင်းပါ..စိတ်မပူနဲ့..အဲမှာဘဲ စောင့်နေ..ခဏနနေတွေ့မယ်..”ငိုသံနဲ့ သူ့ကို အကူအညီတောင်းနေရှာသည့် တစ်ဖက်က မြတ်ကို သူ မျက်နှာမလွဲနိုင်..။ သူ့ကို အကူအညီတောင်းပုံအရ မြတ်နဲ့ သူရကြားက အခြေအနေဟာ အတော်လေး တင်းမာနေပုံပင်..။
လင်မယားကြား မပါဝင်ချင်ပေမဲ့..သူ သူရဆိုတဲ့ ဒီကောင့်အကြောင်း ကောင်းကောင်းသိသည်။ သူကိုယ်တိုင်က အိမ်တွင်းအကြမ်းဖက်တဲ့ မိသားစုမှ ပေါက်ဖွားလာခြင်းကြောင့် ခုလိုတွေ မြတ်ကို ချစ်တဲ့ အချစ်ဟာ မှားယွင်းနေသည်။
“ ဘယ်လဲ..?သားသား..”
“ …”အိမ်ထဲ ကားသော့ကို အပြေးယူပြီး အထွက် ဧည့်ခန်းထဲမှ မားမား စကားသံကြောင့် သူ အသိတရားပြန်ဝင် လာတော့သည်။
လူစုံနေသည့် ဧည့်ခန်းကို ကြည့်တော့..အားလုံး ကပျာ ကယာဖြစ်နေသည့် သူ့ကို ထူးဆန်း သလို ကြည့်နေကြသည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...