👑မောင့်အရှင်
#အပိုင်း (၂၁)
“ဟျောင့် မင်း ဗိုက်က ဘယ်နှလရှိပြီလဲ..”
“ မင်းကိစ္စလား..ငါတောင်စိတ်မဝင်စားတာ..”
“လခွီးနဲ့မှ မင်းတကယ်ဘဲ မသိတာလား..ဒါမှ မဟုတ်လိမ်နေတာလား..ငမောင်..”
အိမ်ကို ရုတ်တရက် ပစ္စည်း ကွိစိကွစတွေနဲ့ ရောက်လာကြသည့် အောင်အောင်တို့ သုံးယောက်ကို မောင်မောင် ဧည့်ခံနေရသည်။ ဒီကောင်တွေ အချိူးနည်းနည်းမှ မပြောင်းသွားကြပါ။
မောင်မောင်ကြောင့် အရှက်ရမယ်၊ သိက္ခာကျမယ် ဘာညာ မစဉ်းစားဘဲ အရင်ကအတိုင်း မောင်မောင် ဘေးနားမှာ ရှိနေပေးကြတဲ့ ဒီကောင်တွေလိုမျိူး သူငယ်ချင်းအတွက် မောင်မောင် သိပ်ကို ဝမ်းသာမိသည်။
“ ငါလည်း သိချင်နေတာဟ..မမေးရဲလို့ ဘေဘီလေးက ဘာလေးလဲကွ သိရပြီလား..သူများတွေပြောတာ ငါးလ ခြောက်လမှ သိရတာဆို..”
“ ဟုတ်တယ်..ငါလည်း သိချင်တာ..”
ကျော်သီဟအမေးကို မဖြေဘဲ အချဉ်ကြီး ဇွတ်စားနေတာ ကျန်နှစ်ယောက်ကပါ စပ်ဖြီးဖြီးလုပ်မေးနေ၍ လက်တီး ထောင်ပြပစ်လိုက်ပြီး…
“ ငါမွေးမှ ကြည့်..ငါတောင် စိတ်မဝင်စားတာ မင်းတို့က ဘာဖြစ်နေကြတာလဲ..”
“ ဟျောင့်..မင်းစကားတွေ ဗိုက်ထဲက ကလေးလေး အားလုံးကြားရတယ်နော်..ဘေဘီလေး စိတ်မကောင်းရင် ဘယ်လိုလုပ်မလဲ..ဝမ်းနည်းနေမှာပေါ့..ဟုတ်လား..ဘေဘီလေးရေ..”
အောင်အောင်က တီရှပ်ပွပွအောက်က သူမ ဗိုက်ကို ကြည့်ရင်း ကလေး မြူသလိုဆိုလာ၍ မောင်မောင်ကိုယ် ဒီစကားထဲ၌ မျှော်ပါသွားရသည်။
ဒီကလေးလေးက သူ့ကို မချစ်တာ အရေးမကြီး..။ သူ့လိုမျိူး ဝမ်းနည်းနာကျင်မှုတွေကိုတော့ မခံစားချင်ပေ..။
#နောက် ငါစကား ဆင်ခြင်ပါ့မယ်ကွာ..။ ဒီလိုစကားတွေ ဗိုက်ထဲကနေ မင်းကြားပြီး မနာကျင်စေရဘူး။
“ ဟျောင့်..ဗိုက်လေး ကိုင်ကြည့်လို့ရမလား..”
“ အခွက် ငြိုချင်လို့လား..”
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...