Part -52

5.1K 149 4
                                    

👑မောင့်အရှင်

#အပိုင်း ( ၅၂ )

" အရမ်း ကျေးဇူးတင်တယ်..မြတ်! အခုန မပြောဖြစ်လို့ ၊ တကယ် တကယ်ပါ..ငါ..ငါ မရှိတုန်း ကုမ္မဏီကော သူတို့ သားအမိကိုကော စောင့်ရှောက်ပေးတာ ဒီကျေးဇူးတွေကို ဘယ်လို ဆပ်ရမလဲတောင် မသိတော့ဘူး.."

" အမလေး..တော်ပါပြီ.. ငါလည်း အဲလို ကူညီပေးနိုင်တာ နင့်ကျေးဇူးတွေကြောင့်ပါ.. တကယ်တော့ နင်ကျေးဇူးတင်ရမှာ ငါ မဟုတ်ပါဘူး၊ ငါက ဘေးကနေဘဲ ကူညီရုံသာသာပါ..ကလေးတစ်ဖက်နဲ့ တာဝန်ယူခဲ့တဲ့ နင့်ဇနီး!.."

" သူကတော့ ထည့်ပြောစရာ မလိုတော့ဘူးလေ၊ အမြဲတမ်း ကျေးဇူးတင်းပြီးရင်း တင်ရင်း တသက် လုံးနေသွားရမှာကို! အဟွန်း!"

မျက်နှာလေး ပြန်လန်းလာတဲ့ ကိုက ခုတော့ ကိုယ် ခန္ဓာအပြင် နှလုံးသားလေးပါ အသက်ပြန်ရှင် လာပုံပါဘဲ..။

အလုပ်ကိစ္စ‌ဆွေးနွေး ချိန်မှာလည်း ဘေးနားမှာ ရှိတဲ့ မောင်မောင်ရဲ့ အကြံပေးချက်‌ တွေကို တစိမ့်စိမ့် ကြည့်ရင်း နားထောင်နေတာ ပြုံးလို့ ပျော်လို့..။

တချိန်က မောင်မောင့်အပေါ် ပြုမူတဲ့ အကျင့်ဆိုးတွေက သူနဲ့ မဆိုင်တော့သလိုပင်..။

"ရှိန်း! တကယ်ပြောရရင် ငါ နင်ပျော်နေတာဘဲ မြင်ချင်တယ်!"

ကိုက သူ့ကိုနားမလည်စွာ ကြည့်လာ၍ က‌ဗျာ ကရာ လက်ကို ခါပြီး

" အခြား အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ဘူး ငါ့သူငယ် ချင်း နေပြန်ကောင်းလာပြီး ပျော်နေတော့ သူငယ် ချင်းဖြစ်တဲ့ ငါက ဝမ်းသာ ရတယ်လေ..မဟုတ်ဘူးလား.. တခြား မတွေးလိုက်နဲ့နော် .. နင့်ပေါ်ထားတဲ့ မောင်မောင်ရဲ့ စိတ်ကို သိကတည်းက အရင်က ကိစ္စတွေ ငါ့ခေါင်းထဲ အားလုံး ရှင်းပစ်လိုက်ပြီးပြီ .. "

"......"

" ငါတို့ သူငယ်ချင်းတော့ ဆက်လုပ်ကြမယ် မဟုတ်လား.."

" ဒါပေါ့...! ငါတို့က Forever Friend ဘဲလေ. "

" ဒါနဲ့ နောက်ဆုံးအ နေနဲ့ ငါတောင်းဆို စရာရှိတယ် ရမလား? "

" ရတာပေါ့..ဘာဘဲဖြစ်ဖြစ် ကူညီပေးမယ် ပြောသာ။ပြောပါ.."

>

👑မောင့် အရှင် Where stories live. Discover now