part 42

3.6K 79 0
                                    

👑မောင့်အရှင်

#အပိုင်း (၄၂)

" အင်းးး"

‌မောင်မောင် နှခမ်းနှစ်လွှာကို ဖိကပ်ရင်း ခေါင်းငြိမ်ပြလိုက်သည်။

ဒါကို တဖက်က ဒီလူကြီး သူ့ထံက အကြည့်လွဲသွားပြီး သမီးလေးနာမည်ကို အထူးအဆန်းလုပ်ပြီး မတိုးမကျယ်‌လေး အကြိမ်ကြိမ်ရွတ်ဆိုနေရှာသည်။

ဆုလာဒ်ရှိန်းဆိုတဲ့ အမည်လေးထဲမှာ လေးနက်တဲ့
အဓပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာကိုတော့ အတိတ်မေ့နေတဲ့ သူ ဘယ်ခံစားနိုင်မလဲ..။

" ဟို..ခွဲစိတ်ဖို့.."
" သမီး ဆုလာဒ်..ငါ့သမီး ဒီနေ့ ဘာရွေးခဲ့လဲ.."

"ဒီနေ့?? "

" ဒီနေ့ ရက် ၁၀၀ ပြည့်နေ့မဟုတ်လား..
ဒီလိုဆိုရင်တော့ ငါ့သမီးအတွက် လက်ဆောင်တောင်
မပြင်ထား ပေးပုံဘဲ.."

" ငယ်သေးတယ်.."

"ဘာကို ငယ်သေးတာလဲ..အဟွတ်...ဟွတ်...ပထမဆုံးပထမဆုံး  မွေးနေ့ကို မင်းက ဒါလေးတောင် မပြင်ဆင်ပေးနိုင်ဘူးလား..ဟူး.."

သူ့ကို အရင်ကလို ဆူပူကြိမ်းမောင်းချင်ပေမဲ့ စကားကိုတောင် ပြီးအောင် မပြောနိုင်ရှာသည့် ဒီလူကိုကြည့်ပြီး
မောင်မောင် အရင်ကလို ကတ်ကတ်လန်အောင် တစ်ခွန်း မကျန် ပြန်ပြောဖို့ ခွန်အားမဲ့သွားသည်။

အတူနေခဲ့တဲ့ သံယောဇဉ်တွေများကြောင့်လား..
ဖြစ်နိုင်ရင် သူရှိရာကို လိုက်သွားချင်တယ်ဆိုတဲ့
ရုတ်တရက် ဒိုင်းခနဲ့ပေါ်ထွက်လာခဲ့သည်။

" ငါ့ကိုလည်း ဘာမှမပြော..ငါ့သမီးနာ‌မည်တောင်
ခုမှ..အဟွတ်..အဟွတ်.."

"ဟေ့..ဟေ့..မင်း စကားကို ဖြေးဖြေးပြော ခဏနေ ခွဲစိတ်ခန်းထဲ မဝင်ရဘဲ ငါနဲ့စကားပြောရင်း အသက်ထွက်သွားတယ်လို့ အစွပ်အဆွဲ မခံနိုင်ဘူး..
ဟုတ်ပြီလား ဒါကြောင့် တစ်လုံးချင်းစီ ဖြေးဖြေးလေးပြော..ငါ ပါးစပ်ပိတ်ပြီး နားထောင်ပေးနေမှာမို့.."

ပြောချင်ဇောတွေ များသွားတာမို့ စကားနှင်သွား၍
လက်ကာပြီး အပြင်းအထန် တားဆီးနေသည့် ဒီကောင်မလေး ကြောင့် သူ သဘောကျစွာ ပြုံးမိသည်။

👑မောင့် အရှင် Where stories live. Discover now