Part - 54

5.2K 126 3
                                    

👑မောင့်အရှင်

#အပိုင်း (၅၄)

" ပြော! "

" အမ်းးး"

" ပြောလို့ !!"

" ဘာကိုလဲ?"

တင်းမာသော မျက်နှာထားနှင့် သူ့ထံ ရောက်လာသည့် ဒီ အကြည့်တွေကို ‌ခေတ်လူ မခံနိုင်တာကြောင့် အကြည့်အမြန်လွဲပစ်ပြီး သမီးလေးပေါ်လက်လေးပုတ်ရင်း ပြန်မေးလိုက်ရသည်။

သူ့ မိန်းမက သူမ ‌‌ကြီးဒေါ်အိမ်က‌တည်းက ကား
ကိစ္စနဲ့ ဒေါသ ထွက်နေသည်မဟုတ်လား..။

" မခုတ်တတ်တဲ့ ကြောင်လို လုပ်မနေနဲ့ ခေတ်လူ၊ မင်းဦးနှောက် မရှိဘူးလား ဒီလောက် တန်ဖိုးကြီးတဲ့ ဟာကို ဗူးညွန့် ဖရုံညွန့်ပေးသလို ပေးစရာလား .."

" ဟင်းရွက်၊ ကန်စွန်းရွက် ပေးသလိုပါ မိန်းမရယ်.. မှားနေပြီ "
"ဘာဖြစ်ဖြစ်ကွာ! ငါပြောချင်တာ ပြောမယ်"

" သူများ ကြားရင် ရီနေမှာဆိုးလို့ပါ.."
" တိတ်! ငါ ဆွဲ မထိုးမိခင်‌ ပြောစမ်း! မင်းဒွေးတော်တွေကို ဘာကိစ္စ ဒီလောက်ထိ လုပ်‌ပေးရတာလဲ? "

" မှားပြန်ပြီ ကိုယ့်ဒွေးတော် မဟုတ်ပါဘူး! မင်းရဲ့ ကြီးဒေါ်တော်တွေလေ!"
" ‌ရှိန်းခေတ်လူ!!!"

" ရှူးး သမီးလေး အိပ်နေတယ် နိုးတော့မှာဘဲ
မိန်းမရာ  "
" .........."

သူ့ရင်ခွင်ထဲက အိပ်နေတဲ့ သမီးလေးနဲ့ ခြောက်မှ ကားမောင်နေတဲ့ သူမက မျက်ဒေါင့်နီကြီးဖြင့် ကြည့်ကာ ‌အရှေ့ပြန်လှည့်သွားကာ တည်ငြိမ်သော လေဖြင့် ဆိုလာသည့် သူ့မိန်းမခမျာ လက်မလျှော့သေး..။

" ပြော.."

" မင်းကို ချစ်လို့လေ.. မိန်းမရာ "

"မင်းကို အကောင်းမေးနေတာနော် ! မင်း အမြင်မှာ ငါက သဘောထားသေးသိမ်သလို မြင်ရင် မြင်လိမ့်မယ် ဒါပေမဲ့ သူတို့ဘာလဲဆိုတာ ငါအသိဆုံး၊
ဆွေမျိူးဆိုပြီး ပြောဖို့ မထိုက်တန်တဲ့သူတွေ၊ ရွှေရှိမှ ဆွေမျိူးတော်ချင်တဲ့ ‌သူတွေကွ အဲတာ မင်းသိလား?"

" နားလည်တယ်! သိလည်း သိတယ် ကိုယ် အားလုံး သိပါတယ် ဒါကြောင့်ဘဲ ခုလို တန်ဖိုးကြီးတဲ့အရာကို ပေးလိုက်တာပေါ့၊ သူတို့ခေါင်းပေါ်မှာ မီးခဲတင်ထားသလို မင်းကိုမြင်တိုင်း၊ မဟုတ်ဘူး အဲဒီကားကို မြင်တိုင်း မင်းကို သတိရလာဖို့၊ သူတို့ လုပ်ခဲ့သမျှတွေကို တနုတ်နုတ် တွေးပြီး ခံစားရအောင်ပေါ့၊ မင်းကို နောက်ထပ်  ထပ် ထိလို့မရအောင်၊

👑မောင့် အရှင် Where stories live. Discover now