👑မောင့်အရှင်
#အပိုင်း (၄၄)
" မဖြစ်ဘူး! ကလေးနဲ့ ဘယ်လို လုပ် ဒီခရီးကို ပြန်လာလို့ရမလဲ ? အိမ်ထောင်စုစရင်းကို ကျွန်တော် ဒီမှာဘဲ ကြည့် လုပ်လိုက်မယ်..မယ်တို့ စိတ်မပူလည်း ဖြစ်တယ်"
"ဘာလို့ ခေါင်းမာနေတာလဲ? သမီးရယ်! ရွာကို ခဏလေး ပြန်လာရမဲ့ ကိစ္စကို ဘာလို့ အတင်းငြင်းနေတာလဲ လို့ မြေးလေးကို ဆွေမျိူးတွေနဲ့ တွေ့ပေးရင်းနဲ့ အိမ်ထောင် စုစာရင်းလည်း လုပ်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့..ခေါင်း မမာနဲ့တော့ သမီးရယ် ခုလောလောဆယ် မယ်လည်းမရှိ နင့် ဒေါ်လေးလည်း မရှိနဲ့ ဒီမှာပိုစိတ်ချရတယ်.."
" အလုပ်ကလည်း တဖက်နဲ့ မယ်! ကျွန်တော် ပြန်လာလို့ မဖြစ်ဘူး.."
တစ်ဖက်က မယ့်အသံလေးဟာ တိတ်ဆိတ်သွားပုံအရ စိတ်မကောင်းနေမှာ သိသော်လည်း တကယ်ဘဲ သူရွာကို ပြန်ဖို့ စိတ်လုံးလုံးမပါ။
တစ်ချိန်က သူ့အတိတ်ဟောင်း နေရာမို့ သူရောက်သွားလို့ သမီးကို လူတွေ မျက်စိနဲ့ဆွေပြီး အကြည့်ခံရရင် သူ, ထသတ်မိ လိမ့်မည်..။
နောက်တစ်ချက်က သူရွာကို ရောက်နေချိန်မှာ ဘေဘီအဖေ! ဟိုလူ ပြန်နိုးလာခဲ့ရင် ဆိုတဲ့ စိတ်နဲ့ မသွားဖို့ လုံးလုံး စိတ်ဆုံးဖြတ်ချက် ချထားတာ..။
" သမီး) မယ် အားလုံးနားလည်တယ်! ဒါပေမဲ့ သမီးတို့ရဲ့ မိသားစု အိမ်ထောင်စုစာရင်းကလည်း မလုပ်လို့ မဖြစ် ဘူးလေ..သမီးကော သားခေတ်ကော နှစ်ယောက်လုံး မှတ်ပုံတင်ကအစ ဒီမှာဘဲ လုပ်ထားတာ အိမ်ထောင် စုစာရင်းလဲ ဒီမှာဘဲ လုပ်လို့ရမှာ..ခုဆို မြေးလေးလည်း ရောက်လာပြီ..မိသားစု အိမ်ထောင်စုစာရင်းဆိုတာ လုပ်ထား ကောင်းတယ်.."
မယ့်က လက်နက်မချသေးဘဲ ဆက်ပြီး သွေးဆောင်တုန်း..။
"ဟူးး!! "
မောင်" သက်ပြင်း ခပ်ဖွဖွ ချပြီး ဘယ်လို လုပ်ရမလဲ စဉ်းစားရပြန်သည်။
မယ်ပြောတာလဲ ဟုတ်သလိုလို..။
" အဲတာ လုပ်ရမှာ ဘယ်နှစ်ရက်ကြာမှာလဲ..? အကြာကြီးဆို ကျွန်တော် မလုပ်သေးဘူး!"
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...