part 25

3.8K 95 0
                                    

👑မောင့်အရှင်

#အပိုင်း (၂၅)

နောက်ဆုံး ရန်ကုန်ကို လေယာဉ်နဲ့သာ ထွက်လာခဲ့သည်။ လေယာဉ်တစ်ခါစီးဖို့အရေးကို ဆေးရုံသွား လိုက်ရတာလည်း အခေါက်ပေါင်းမနည်းတော့…။ မောင်မောင်တော့..ဆေးရုံကို တဖြေးဖြေးနဲ့ မုန်းလာတာ တော့အမှန်ပင်..။

ဆေးရုံဝန်းထဲရောက်တာနဲ့ကို ပျိူ့ တက်လာတတ်လို့..ဟိုလူ ရှုဆေးဘူးပင် စောင်ထားပေးရတဲ့အထိ..။ ကိုယ်ဝန်ကလရင့်နေပြီမို့ အရမ်းသတိထားရမယ် ပြောလိုက်တာဘဲ..။

မယ့်လည်း အိမ်ကနေ မှာလိုက်တာ စုံလို့စိလို့..။စိတ်မချစွာပင် လိုက်ဖို့ အားရှိရှိနေပြောနေလို့ မွေးဖို့ရက်ရောက် ရင် ဖုန်းဆက်မယ် ပြောထားလို့သာ ထပ်ပြီး မပူဆာတော့တာ..။

မောင်မောင်တို့ တောမြို့လေးကနေ ရန်ကုန်အထိ တိုက်ရိုက်လေယာဉ်က ရှားတာမို့ မန္တလေးမှာ တစ်ဆင့် နားရသည်။ နောက်မှ ရန်ကုန်ကို သွားဖို့ ကား၊ လေယာဉ်၊ မီးရထား၊ သင်္ဘောစသည်ဖြင့် ဆက်သွယ်သွားနိုင်တဲ့ ယာဉ်တွေက များစွာရှိသည်။

မန္တလေးကိုရောက်တော့..မောင်မောင်တို့ သုံးယောက်ကို ကိုကြီး ကိုယ်တိုင် လာကြိုပေးရှာသည်။ ဒါနဲ့ဘဲ ကိုကြီး အိမ်မှာ တစ်နေ့နားပြီး ညကားနဲ့ ရန်ကုန်ပြန်ဆင်းဖို့ ဖြစ်သွားရပြန်သည်။

မောင်မောင်ကလည်း ခဏနားမှ ဖြစ်မည့် အခြေအနေလေ..တကယ် ခေါင်းတွေ ခဲပြီး အားအင်တွေ ကုန်ခမ်းနေ သည်။

ပိုဆိုးတာက ဗိုက်ထဲက ဘေဘီလေးက လည်း တစ်ချိန်လုံး ကန်နေတော့ ဗိုက်က တစ်ဆစ်ဆစ် နာပြီး ခရီးတလျှောက်လုံး တစ်ရေးတောင် မအိပ်နိုင်ပါ..။

“ကိုကြီး ကိုကြီးအိမ်မှာ ခဏဝင်နားချင်တယ်..”

“ ဘာဖြစ်လို့လဲ..ညီမလေး”

“ဟုတ်တယ်..ဘာဖြစ်လို့လဲ..တစ်ခုခု ဖြစ်လို့လား..ကိုယ် ကားလက်မှတ်တွေ ဖြတ်ထားပြီးသွားပြီ..”

“ကျစ်)))... ဒီမှာ ဒီကောင် အငြိမ်မနေဘူး..ငါ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး.. မင်းတစ်လမ်းလုံး အိပ်နိုင် သလောက် ငါ့မှာ ဒုက္ခရောက်နေတာ မသိဘူးမဟုတ်လား..ဒါများ သူကဘဲ တစ်ချိန်းလုံး ဂရုစိုက်နေတယ် ဆိုပြီး ပြောကြသေး..”

👑မောင့် အရှင် Where stories live. Discover now