part 32

3.6K 87 0
                                    

👑မောင့်အရှင်

#အပိုင်း(32)

လူလေးယောက်ပါတဲ့ ကားနက်ရောင်လေးဟာ
ဆိုင်တစ်ဆိုင်‌ရှေ့ ဖြေးညင်းစွာပင် အိခနဲ့ ရပ်တန့်သွား
သည်။

နောက်ခန်းမှ သော်သော်နှင့်အတူထိုင်သော မောင်" တစ်ယောက် အိပ်မောကျသွားရာမှ ပြန်ထလာ၏။

" ဟိုတစ်ယောက်..အိပ်လို့ ဝပြီလား ! စောရီး..ဒါမှန်းသိရင် အတင်း မခေါ်ခဲ့ပါဘူးကွာ.."
"စကားကို ဆင်ခြင်နော်..!"

"ကဲပါ..ဆင်းကြမယ်..ဘာမှန်းကို မသိဘူး.! တည့်တဲ့အချိန်ကို မရှိဘူး..တွေ့တာနဲ့ တကြပ်ကြပ်ဘဲ .."
" အဲတာ နင့်အစ်ကိုလေ..! ငါ့လာမပြောနဲ့.."

မြတ်ရတနာကျော် တစ်ယောက် သုံးယောက်ကြားမှာ
အနေရခက် အထိုင်ရခက် ဖြစ်နေ၏။

ကားပေါ်က အားလုံးဆင်းကြတော့ မောင်"ကို သူကိုယ် တိုင် တံခါးလာဖွင့်ပေးရှာသည်။

ဒီလိုအကွက်တွေပေါ် တခြားမိန်းကလေးတွေ ကြွေချင်ကြွေလိမ့်မယ်.. မောင်" တို့က ဆံပင်မွေးတောင် မလုပ်ဘူး...။

"ဘာလုပ်ဖို့လဲ..အဝတ်စားဆိုင်က..!"

လက်ကနေ တွဲခေါ်ကူနေသည့် သူ့ကို သဘောမကျသလို မေးတော့..မဖြေသေးဘဲ ‌‌ မောင်"မျက်နှာပေါ် ကျလာသည့် နေကို သူ့လက်နှင့် ကာပေးပြီး..

"သိချင်လား..အဟွန်း)) မင်းကို ဂါဝန်‌ပေးဝတ်ရင် ကောင်းမလားလို့.."
"အသေဘဲ ခံလိုက်မယ်!!"
" သိပါတယ်..လာ..နေအရမ်းပူတယ်..Sun cream လိမ်းလာလား.."
"... "
" ခုမှ ကြည့်မိတယ်..ပိန်သွားသလိုဘဲ..."

သူ့စကားကြောင့် အမြဲ ခံရတဲ့ သူမထံက ဂြိုလ်ကြည့်လေး..။

ဟိုတစ်ခေါက် အတင်းလိုက်နမ်းတဲ့နေ့ကစပြီး သူ့ကိုရှောင်နေတာ သိပေမဲ့ သူလည်း အလုပ်တွေက ရှုပ်၊ မြတ်ရဲ့ ကုမ္မဏီအတွက်ပါ ဝိုင်းကူညီပေး‌နေတာနဲ့
သူမကို သိပ်ဂရုမစိုက်ဖြစ်ဘူး..။

ခုတောင် အလုပ်ကိစ္စနဲ့ ခရီးတပတ်လောက်
ထွက်စရာ ရှိတာနဲ့ ဟိုတစ်ခေါက်က ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ရွေးရင်း သူမလေး စိတ်ကြည်အောင် တစ်ခုခု လုပ်ပေးချင်မိလို့ အပြင်ထုတ်လာတာ..။

👑မောင့် အရှင် Where stories live. Discover now